နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် တည်ထားကိုးကွယ်ရေးလုပ်ငန်းများ ၊ နိုင်ငံတော်လုံခြုံရေး နှင့် တရားဉပဒေစိုးမိုးရေး ၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ခဲ့ကြသောသံဃာ နှင့် လူပုဂ္ဂိုလ် ရာနှင့်ချီကို စစ်ကောင်စီက ဆုတံဆိပ်များချီးမြှင့်

နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်တည်ထားကိုးကွယ်‌ရေးလုပ်ငန်းများ နှင့် နိုင်ငံတော် လုံခြုံရေး နဲ့ တရားဉပဒေစိုးမိုးရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်ခဲ့ကြတဲ့
သီတဂူဆရာ​တော် အပါအဝင် သံဃာတော်များ ၊ MEC ဥက္ကဋ္ဌ နဲ့ လူပုဂ္ဂိုလ် ရာနှင့်ချီကို စစ်​ကောင်စီဆုတံဆိပ် များ ချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီက သီတဂူ ဆရာတော်အပါအဝင် ဆရာတော်ကြီး ၂၆ ပါးနဲ့ စစ်ဗိုလ်ချုပ်၊ ရဲ အပါအဝင် စီးပွားရေးလုပ်ငန်းရှင် ပေါင်း ရာနဲ့ချီကို စစ်ကောင်စီက ဂုဏ်ထူးဆောင်တံဆိပ်တွေချီးမြှင့်ခဲ့တာပါ။

စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းနဲ့ မကွေးက ရဲတပ်ဖွဲ့ဝင် ၄၅ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုင်ရာ စွမ်းရည်သတ္တိဂုဏ်ထူးဆောင်တံဆိပ်အဖြစ် စစ်မြေပြင်တိုက်ခိုက်ရေးမှာ ထူးချွန်သူတွေကိုချီးမြှင့်တဲ့ ရဲသူရနဲ့ ရဲဗလတံဆိပ်တွေ ပေးခဲ့တာကို ဇူလိုင် (၂၃)ရက် ထုတ်ပြန်ချက်အရတွေ့ရပါတယ်။

ပြည်ထောင်စုစည်သူသင်္ဂဟဘွဲ့တွေထဲက အမြင့်ဆုံး ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်တဲ့ သရေစည်သူဘွဲ့ကို နိုင်ငံတော်သြဝါဒစရိယ၊ ရွှေကျင်နိကာယဥက္ကဋ္ဌ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၊ ရွှေသုဝဏ်ဆရာတော်ကြီး၊ ပါမောက္ခချုပ်ဆရာတော်အပါအဝင် ဆရာတော်ကြီး ၄ ပါးနဲ့ လူပုဂ္ဂိုလ် ၅ ဦးကို စစ်ကောင်စီကပေးအပ်ခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌရဲ့ အကြံပေးပုဂ္ဂိုလ်လည်းဖြစ် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ညိုစောနဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းအပြင် အင်ဂျင်နီယာကောင်စီနာယကအပါအဝင် ၅ ဦးဟာလည်း သရေစည်သူဘွဲ့ကို ဆရာတော်ကြီးတွေနဲ့အတူရခဲ့တာဖြစ်ပါတယ်။

ဒါ့့အပြင်မြန်မာ့စီးပွားရေကော်ပိုရေးရှင်း က အရာရှိကြီး ၅ ဦးနဲ့ အင်းဝဘဏ်အထွေထွေမန်နေဂျာကိုပါ စီမံထူးချွန်တံဆိပ်ပေးခဲ့သလို ပုဂ္ဂလိကကုမ္ပဏီပိုင်ရှင် တွေကိုလည်း လူမှုထူးချွန်ဂုဏ်ပြု တံဆိပ်တွေကို စစ်ကောင်စီက ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

Era’sEye / Photo – PopularNews (CRD)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 88 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို