မွန်ပြည်နယ် ရေးမြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းတိုင်းအမှတ် (၃) စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှူးရုံးက ထုတ်ပြန်ပါတယ်။
KNLA၊PDF ပူးပေါင်းတပ်ဖွဲ့တွေက မနေ့ညနေပိုင်းမှာ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာနဲ့ ကြိုးတံတားအကြားက စစ်ကောင်စီလက်အောက်ခံ ခမရ(၅၈၈)တပ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
မော်လမြိုင်-ရေး-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းမတစ်လျှောက် နယ်မြေဒေသစိုးမိုးရေးနဲ့ ခရီးသွားပြည်သူတွေ လုံခြုံစိတ်ချစွာ သွားလာနိုင်ရေးအတွက် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေက လုံခြုံရေးရယူစစ်ဆေးဆောင်ရွက်တာတွေကို နေ့တိုင်း ပြုလုပ်လျက်ရှိတယ်လို့လည်း အသိပေးထားပါတယ်။