နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုရားသုံးဆူမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ရုံးအချို့ မီးလောင်နေဟုဆို ၊ မြို့ပေါ်တွင်လည်း ပစ်ခတ်သံများကြားနေရ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့တွင် ယနေ့ ညပိုင်းက စစ်ကောင်စီ၏ လက်အောက်ခံရုံးများ ဖြစ်သည့်စစ်ထောက် လှမ်းရေးရုံး (စရဖ) ၊ ထွေအုပ်နှင့်လ၀ကရုံးများ မီးလောင်နေကြောင်းစသည့် သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

မီးလောင်မှုနှင့် သေနတ်ပစ်သံများကြားနေရသော်လည်း အဆိုပါရုံးများကို တချိန်တည်း မီးတင်ရှို့ခြင်းနှင့် မြို့သိမ်းတိုက်ပွဲပုံစံဖြစ်ပေါ်နေသည်ဆိုသည့် သတင်းမျိုးစုံထွက်ပေါ်နေသော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ထို့အပြင် ဘုရားသုံးဆူ မြို့ ပေါ်တွင် လည်းပစ်ခတ်သံများကြားနေရပြီး တိုက်ပွဲများဖြစ် နေသကဲ့သို့ အသံများကြားနေရကြောင်း ဒေသခံပြည်သူများက ပြောဆိုနေကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

AA သင်ကြားပေးတဲ့ SRA စစ်ပညာသင်တန်း ပထမဆုံးအကြိမ် သင်တန်းဆင်းပွဲပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 23 Views
မတ်လ (၁၂)ရက်။ မတ်လ (၁)ရက်နေ့က နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)ရဲ့ ပထမဆုံးအကြိမ် အခြေခံးစ်ပညာသင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ‌တနေရာမှာ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ဆီက ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 30 Views
မတ်လ (၁၂)ရက်။ ညောင်လေးပင်ခရိုင်မှာ စစ်တပ်ဆီကနေ ကယ်ထုတ်ခဲ့တဲ့ ပြည်သူတွေကို ကျန်းမာရေးစောင့်ရှောက်ပေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ် ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 29 Views
မတ်လ (၁၂)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲက ထွက်ပေါ်လာတဲ့ ဘယ်အုပ်ချုပ်ရေးအဖွဲ့ကိုမှ အသိအမှတ်မပြုဘူးလို့ မွန်တော်လှန်ရေးဖိုရမ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မွန်တော်လှန်ရေးအဖွဲ့တွေအကြား မွန်ပြည်တည်ဆောက်ရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက်တရပ် ဖော်ထုတ်နိုင်ဖို့ မွန်တော်လှန်ရေးဖိုရမ်ကို မတ်လ (၉)ရက်ကနေ (၁၁)ရက်အထိ ပြုလုပ်ခဲ့တာပါ။
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 29 Views
လုပ်ပိုင်ခွင့်အာဏာခွဲဝေတာတွေအပေါ် သဘောတူညီခဲ့တယ်လို့ဆို မတ်လ (၁၂)ရက်။ မတ်လ (၁၀)ရက်နေ့က NUG အဖွဲ့ဝင်တွေနဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရတို့ လွတ်မြောက်နယ်မြေ တနေရာမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီနှစ်ဖက်တွေ့ဆုံတာဟာ ဒုတိယအကြိမ်ဖြစ်ပြီး လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of Competency)နဲ့စပ်လျဉ်းပြီး
မြန်မာသတင်း

ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 12 ရက်
  • 27 Views
မတ်လ (၁၂)ရက်။ မနေ့က ညနေ (၄)နာရီအချိန်က ကစယ်ဒိုမြို့ရှိ စစ်တပ်ရဲ့ ဝင်းဝတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ထားဝယ်-မြိတ် အမှတ်(၂)လမ်း မင်းဒပ်ရွာထဲမှာ နှစ်ပေါင်း
မြန်မာသတင်း

ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)မှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတဲ့ကိစ္စ အမှုမှန်ပေါ်အောင် အစွမ်းကုန်ဆောင်ရွက်မယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 33 Views
မတ်လ (၁၁)ရက်။ ယင်းမာပင်ခရိုင် အမှတ်(၂၀)တပ်ရင်းမှာ ရဲမေတဦး အဓမ္မပြုကျင့်ခံရတာနဲ့ပတ်သက်ပြီး အမှုမှန်ပေါ်အောင် အစွမ်းကုန် ဆောင်ရွက်သွားမယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနဲ့ လဝကဝန်ကြီးဌာနတို့
မြန်မာသတင်း

လယ်မူလားမြို့မှာ ခရစ်ယာန်ဘုရားကျောင်း ဗုံးကြဲခံရပြီး ကျောင်းသားတွေအပါအဝင် (၁၁)ဦး သေဆုံးခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 38 Views
မတ်လ (၁၁)ရက်။ မတ်လ (၉)ရက်နေ့က လယ်မူလားမြို့ တဖီလေးခိုရွာ ခရစ်ယာန်ဘုရားကျောင်းကို စစ်တပ်က ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုရားကျောင်းမှာ ရက်တိုသင်တန်း
မြန်မာသတင်း

အမ်းမြို့ရှိ စစ်သုံ့ပန်းအကျဉ်းစခန်း လေကြောင်းတိုက်ခိုက်ခံရပြီး (၁၁၆)ဦးသေဆုံးခဲ့တယ်လို့ AA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 11 ရက်
  • 38 Views
မတ်လ (၁၁)ရက်။ မတ်လ (၈)ရက်နေ့က အမ်းမြို့ ဒါးလက်ချောင်းဒေသရှိ စစ်သုံ့ပန်းအကျဉ်းစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထာချက်အရ သိရပါတယ်။ “ စစ်သုံ့ပန်းတွေထာတဲ့ အကျဉ်းစခန်းကို စစ်တပ်က လေကြောင်းကနေ (၃)နာရီခွဲကျော်လောက်