ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်း ရဲ့ မွမ်းမံသင်တန်းဆင်းပွဲ အခမ်း အနားကို ဇန်နဝါရီ (၂၄) ရက် က တောင်ပိုင်းတိုင်း စစ်ဒေသ ၊ စစ်ဒေသခွဲ အမှတ် (၃) မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီ မွမ်းမံ သင်တန်းဆင်းအခမ်းအနားကို အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ၊ စစ်ဒေသခွဲ အမှတ် (၃) က ဒု-စစ်ဒေသမှူး စောရှား နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီနောက် ကျားသစ်နက် စစ်ကြောင်းရဲ့ မွမ်းမံသင်တန်းဆင်းရဲဘော်တွေရဲ့ စစ်ရေးစွမ်းရည်တွေကို ပြသခဲ့ကြပါတယ်။ လေ့ကျင်ရေးပြည့်ဝနေတဲ့ ပြည်သူ့ကာကွယ် ရေးတပ်မတော် ကျားသစ်နက်စစ်ကြောင်း ရဲ့ မွမ်းမံသင်တန်း ဆင်းရဲဘော်တွေဟာလက်နက် ကိုင်တွယ်ပုံတွေ ၊ အခြေခံကိုယ်ခံပညာ တိုက်ကွက်တွေ ၊ စစ်ပွဲအတွင်းမှာ အရေးပေါ်အခြေအနေတွေ ဖြစ်ပေါ်ခဲ့ရင် ပြုလုပ်ရမယ့် လူနာသယ်ယူရန် နည်းလမ်းတွေ အပြင် ကြိုးဆင်း ပစ်ခတ်စဥ်များ နဲ့ အခြားသော စစ်ဘက်ဆိုင်ရာ စွမ်းရည်တွေကို သရုပ်ဖော်ပြသခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန က သင်တန်းဆင်းရဲဘော်တွေကို လက်နက်တွေ တပ်ဆင်ပေးခဲ့ပါတယ်။

အဲဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် (၃) က ဒု-စစ်ဒေသမှူး စောရှား က ဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်က ပေးပို့လာတဲ့ ဂုဏ်ပြုငွေ (၁၀) သိန်းကျပ်တိတိကိုလည်း မွမ်းမံသင်တန်းဆင်းရဲဘော်တွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။






