နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖလမ်း – ဟားခါးလမ်း၌ ချင်းပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ခုနှစ်ဦးထက် မနည်းသေဆုံးခဲ့

ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့သို့ သွားရောက်သည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ တယ်လို့ CNA ကထုတ်ပြန်ထားပါတယ်။

(ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့လာသော စစ်ကောင်စီယာဉ်တန်းအား ချင်းပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းတွင် မိုင်းဆွဲတိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CNDF

ကလေးမြို့ က ထွက်လာတဲ့ တင့်ကား နှစ်စီးပါ စစ်ကောင်စီယာဉ်တန်း ၃၀ခန့် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖလမ်းမြို့ကို ရောက် လာခဲ့ပြီး ဖလမ်း ကနေ ဟားခါးမြို့ကို ဆက်လက် ထွက်ခွာစဉ် မှာ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီယာဉ်တန်းမှာ ရဲနဲ့ စစ်သားက အင်အား ၂၀၀ နီးပါး ပါရှိပြီး ရိက္ခာနဲ့လက်နက်တွေ သယ်ဆောင် လာတဲ့ ယာဉ်တန်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်တန်းကို CNA ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF-SIYIN) တို့ကလည်း ကလေး -ဟားခါးလမ်း၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၂၀ကျော်သေဆုံးခဲ့ကြောင်း CNDF က ထုတ်ပြန်ထားသည်။

(ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့လာသော စစ်ကောင်စီယာဉ်တန်းအား ချင်းပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းတွင် မိုင်းဆွဲတိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CNDF

ပုံမှန်အခြေအနေတွင် နေ့တစ်ဝက်ခန့်သာသွားရသည့် ကလေး- ဖလမ်း လမ်းကို စစ်ကောင်စီတပ်က နှစ်ပတ်နီးပါး ခရီးနှင်ခဲ့ရပြီး ပုံမှန်အခြေအနေတွင် တစ်နာရီခွဲခန့်သာသွားရသည့် ဖလမ်း-ဟားခါးလမ်းကို စစ်ကောင်စီတပ်က သုံးရက်ကြာသည်အထိ မရောက်နိုင်ဘဲ ယခုအချိန်ထိ မြို့အထွက် (၅)မိုင်ခန့်သာရောက်ရှိ သေးတယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထိုင်ရဲကို ပစ်ခတ်ပြီး ထွက်ပြေးပုန်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်အဖွဲ့ထံ ပြန်လွှဲပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 19 Views
ဇန်နဝါရီလ (၂၂)ရက်။ ထိုင်းရဲတပ်ကြပ်တဦးကို ပစ်ခတ်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ မြန်မာတဦးကို KNLA က ထိုင်းအာဏာပိုင်တွေဆီ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

မောင်တောမြို့မှာ စစ်တပ်ထောင်ထားတဲ့ M-14 မိုင်း (၇၈)လုံး AA သိမ်းဆည်းရမိခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 23 Views
ဇန်နဝါရီလ (၂၂)ရက်။ မောင်တောမြို့မှာ စစ်တပ်နဲ့ ARSA ARA နဲ့ RSO အဖွဲ့တွေ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းတွေကို AA
မြန်မာသတင်း

ICJ နဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာတွေ မလုပ်ဖို့ဆိုပြီး စစ်ကော်မရှင် သတိပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 20 Views
ဇန်နဝါရီလ (၂၂)ရက်။ ICJ မှာ တရားရင်ဆိုင်ဆဲကာလ အားပေးထောက်ခံတဲ့သူတွေအနေနဲ့ အထူးသတိပြု လိုက်နာရမယ့်အချက်တွေဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာတွေမှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က သတိပေးထားတဲ့ အချက်တွေထဲ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုတ်ခတ်တာ၊
မြန်မာသတင်း

မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် ရလဒ်ထုတ်ပြန်ဖို့ တိုင်ကြားသူတွေ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 24 Views
ဇန်နဝါရီလ (၂၂)ရက်။ NUG ဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွက်းဝန် မကြည်ပြာနဲ့ခင်ပွန်းဖြစ်သူတို့ရဲ့အမှု ရက်ပေါင်း(၆၀)ပြည့်ပြီဖြစ်တာကြောင့် စစ်ဆေးတဲ့ရလဒ်ကို ထုတ်ပြန်ပေးဖို့ တိုင်ကြားသူတွေက မနေ့က တောင်းဆိုထားတယ်လို့ သိရပါတယ်။ မကြည်ပြာနဲ့ ခင်ပွန်းဖြစ်သူ ကိုညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်တာ၊ အာဏာအလွဲသုံးစားလုပ်တာ၊ အဂတိလိုက်စားတာ၊ လိင်ပိုင်းဆိုင်ရာနှောက်ယှက်တာနဲ့
မြန်မာသတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 22 ရက်
  • 28 Views
ဇန်နဝါရီလ (၂၂)ရက်။ အနာဂတ်မှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖို့ အထောက်အကူပြုတဲ့ တပ်ဖွဲ့တခုအနေနဲ့ ရပ်တည်သွားမယ်လို့ CDF-Asho က မနေ့က (၃)နှစ်ပြည့်မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ တောင်ပေါ်မြေပြန့်အပါအဝင် ပြည်ထောင်စုတခုလုံးရှိ တိုင်းရင်းသားလူမျိုးစု အားလုံးအတွက် ကောင်းမွန်မျှတတဲ့ နိုင်ငံရေးစနစ်တခု
မြန်မာသတင်း

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 39 Views
ဇန်နဝါရီလ (၂၁)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့ရှိ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတို့မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တော့ဘူးဆိုပြီး စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က ဗန်းမော်မြို့ကို လာမယ့် ဇန်နဝါရီလ (၂၅)ရက်နေ့ ရွေးကောက်ပွဲအပိုင်း(၃) ကျင်းပမယ့်
မြန်မာသတင်း

တနှစ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၀၀)ကျော်ရှိခဲ့ပြီး အရပ်သား (၂၃၀၀)ကျော် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 25 Views
ဇန်နဝါရီလ (၂၁)ရက်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် တနှစ်ထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၈၈၂၁)ကြိမ်ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ် (၅၂၂၂)ကြိမ်ရှိခဲ့ကာ စက်တင်ဘာ၊ အောက်တိုဘာနဲ့ ဒီဇင်ဘာလထဲ
မြန်မာသတင်း

(၂)နှစ်ထဲ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ MSRF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 26 Views
ဇန်နဝါရီလ (၂၁)ရက်။ ၂၀၂၄ခုနှစ်ကနေ အခုနှစ် ဇန်နဝါရီလအထိ တပ်ကထွက်ပြေးတဲ့ ရဲဘော် (၁၄)ဦးရှိတယ်လို့ မွန်ပြည်တော်လှန်ရေးတပ်(MSRF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရဲဘော် (၁၄)ဦးဟာ သတ်မှတ်ခွင့်ရက်ထဲ တပ်ရင်းကို ပြန်မလာတဲ့ တပ်ပြေးတွေနဲ့ ရှေ့တန်းနဲ့ နောက်တန်းတို့မှာ