နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဖလမ်း – ဟားခါးလမ်း၌ ချင်းပူးပေါင်းတပ် တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ခုနှစ်ဦးထက် မနည်းသေဆုံးခဲ့

ချင်းပြည်နယ် ဖလမ်းမြို့မှ ဟားခါးမြို့သို့ သွားရောက်သည့် စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းအမျိုးသားတပ်မတော် (CNA)နှင့် ချင်းဒေသကာကွယ်ရေးတပ်(CDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့ တယ်လို့ CNA ကထုတ်ပြန်ထားပါတယ်။

(ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့လာသော စစ်ကောင်စီယာဉ်တန်းအား ချင်းပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းတွင် မိုင်းဆွဲတိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CNDF

ကလေးမြို့ က ထွက်လာတဲ့ တင့်ကား နှစ်စီးပါ စစ်ကောင်စီယာဉ်တန်း ၃၀ခန့် ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖလမ်းမြို့ကို ရောက် လာခဲ့ပြီး ဖလမ်း ကနေ ဟားခါးမြို့ကို ဆက်လက် ထွက်ခွာစဉ် မှာ ထပ်မံတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီယာဉ်တန်းမှာ ရဲနဲ့ စစ်သားက အင်အား ၂၀၀ နီးပါး ပါရှိပြီး ရိက္ခာနဲ့လက်နက်တွေ သယ်ဆောင် လာတဲ့ ယာဉ်တန်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါယာဉ်တန်းကို CNA ၊ ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF-SIYIN) တို့ကလည်း ကလေး -ဟားခါးလမ်း၌ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၂၀ကျော်သေဆုံးခဲ့ကြောင်း CNDF က ထုတ်ပြန်ထားသည်။

(ကလေးမြို့မှ ချင်းပြည်နယ် ဖလမ်းမြို့လာသော စစ်ကောင်စီယာဉ်တန်းအား ချင်းပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့သည့်ရက်ပိုင်းတွင် မိုင်းဆွဲတိုက်ပြီးနောက် တွေ့ရစဉ်။ ဓာတ်ပုံ – CNDF

ပုံမှန်အခြေအနေတွင် နေ့တစ်ဝက်ခန့်သာသွားရသည့် ကလေး- ဖလမ်း လမ်းကို စစ်ကောင်စီတပ်က နှစ်ပတ်နီးပါး ခရီးနှင်ခဲ့ရပြီး ပုံမှန်အခြေအနေတွင် တစ်နာရီခွဲခန့်သာသွားရသည့် ဖလမ်း-ဟားခါးလမ်းကို စစ်ကောင်စီတပ်က သုံးရက်ကြာသည်အထိ မရောက်နိုင်ဘဲ ယခုအချိန်ထိ မြို့အထွက် (၅)မိုင်ခန့်သာရောက်ရှိ သေးတယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“ ကမ္ဘာမကြေဘူး” သီချင်းရေးစပ်ခဲ့တဲ့ တေးရေး နိုင်မြန်မာ ကွယ်လွန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 2 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဒီကနေ့ နံနက် (၇)နာရီ (၄၅)မိနစ်အချိန်က ရန်ကုန် သန်လျင်မြို့်ရှိ နေအိမ်မှာ တေးရေး နိုင်မြန်မာ ကွယ်လွန်သွားခဲ့တယ်လို့
မြန်မာသတင်း

ရွှေကုက္ကိုလ်နယ်မြေထဲ လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား (၆၁)ဦးကို စစ်ကောင်စီ ပြန်လွှဲပြောင်းပေး

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၇)ရက်။ မြဝတီ-ရွှေကုက္ကိုလ်နဲ့ KK Park နယ်မြေထဲက လူကုန်ကူးခံရတဲ့ နိုင်ငံခြားသား (၆၁)ဦးကို စစ်ကောင်စီက ထိုင်းဘက်ကို လွှဲပြောင်းပေးခဲ့တယ်လို့
မြန်မာသတင်း

စစ်မှုထမ်းဆင့်ခေါ်ရာမှာ အသက်မပြည့်သူတွေ မပါဝင်စေဖို့ စစ်ကောင်စီပြောဆိုချက် လက်တွေ့နဲ့ကွဲလွဲနေ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 14 Views
ဖေဖော်ဝါရီလ (၇)ရက်။ ပြည်သူ့စစ်မှုထမ်းတွေ ဆင့်ခေါ်ရာမှာ အသက်(၁၈)နှစ် မပြည့်သေးသူတွေ မပါဝင်အောင် ကြပ်မတ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး မောင်မောင်အေးက မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်မှုထမ်းဥပဒေကို ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလကစပြီး အကောင်အထည်ဖော် ဆောင်ရွက်နေကာ တစ်နှစ်နီးပါးအကြာမှာတော့
မြန်မာသတင်း

လက်နက်ကိုင်အဖွဲ့တွေ ပြည်သူအားလုံးရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်
  • 11 Views
ဖေဖော်ဝါရီလ (၇)ရက်။ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ပြည်သူအားလုံးရဲ့ဆန္ဒကို ထည့်သွင်းစဉ်းစားဖို့ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လက်နက်ကိုင်အဖွဲ့တွေရှိတဲ့ နယ်မြေဒေသတွေက ဒေသခံပြည်သူတွေဟာ နိုင်ငံနဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ တိုက်ခိုက်တာတွေကို စိတ်ကုန်မုန်းတီးနေကြပြီလို့
မြန်မာသတင်း

နောင်ချို သပြေတောင်ဘုရားကုန်း ဗုံးကြဲခံရပြီး ပြည်သူတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီ (၂၀)မိနစ်အချိန်က နောင်ချိုမြို့ရှိ သပြေတောင်ဘုရားကုန်းပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချို သပြေတောင်ဘုရားကုန်းပေါ်ကို စကစက လေကြောင်းကနေ
မြန်မာသတင်း

ပဲခူးရိုးမတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၆)ဦးသေဆုံးပြီး (၁၅)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 12 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဖေဖော်ဝါရီလ (၄)ရက်နေ့ နံနက် (၉)နာရီခန့်က အုတ်ဖိုမြို့အပိုင် ပဲခူးရိုးမထဲမှာ အင်အား (၃၀)ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်း(၃၈၀၂) တပ်ခွဲ(၅)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အုတ်ဖိုအပိုင် ပဲခူးရိုးမထဲက
မြန်မာသတင်း

တော်လှန်ရေးတပ်အချို့ CoC အောက်က နုတ်ထွက်တာ MOD တာဝန်ရှိသူအချို့ လာဘ်စားတာနဲ့ တာဝန်ယူမှုမရှိလို့ဟုဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၆) ရက်။ တော်လှန်ရေးတပ်အချို့ CoC အောက်ကနေ နုတ်ထွက်တာဟာ MOD တာဝန်ရှိသူအချို့ လာဘ်စားတာနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတာကြောင့်လို့ Generation Z-Loikaw ရဲ့ ပြောဆိုထားချက်အရ သိရပါတယ်။ ရှမ်းတောင်က တပ်ရင်း(၂)ခုအပါအဝင်
မြန်မာသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီရဲ့ မီးလောင်ဗုံးတွေကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 6 ရက်
  • 10 Views
ဖေဖော်ဝါရီလ (၆)ရက်။ ဖေဖော်ဝါရီလ (၃)ရက်နေ့က လယ်ဒိုမြို့နယ်ရှိ အလှိုင်ကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ မီးလောင်ဗုံးတွေ ပစ်ခတ်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အလှိုင်ရွာထဲကို ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီရဲ့ ခလရ(၂၆၄)က ၁၂၀မမ