နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပုလောတွင် တိုက်ပွဲ ၄ နေရာ ဖြစ်ပွား၊ အရပ်သား ၂ ဦး သေဆုံး ၃ ဦး ဒဏ်ရာရ

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်ရှိ နေရာ လေးခုတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲ လေးကြိမ် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ခရီးသွား အရပ်သားများ ၂ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိမှု ရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ပုလောမြို့နယ် မန်ကျဉ်းကုန်း စစ်ကောင်စီ ဂိတ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သွားရောက်တိုက်ခိုက်စဉ် မြိတ်မှ ထားဝယ်ဘက်သို့ တက်လာသော တနင်္သာရီရိုးမ ခရီးသည်ကား တစ်စီး စစ်ကောင်စီဂိတ် အနီးမှာ ပိတ်မိရာမှ ကျည်ထိမှန် သေဆုံး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

တနင်္သာရီရိုးမ ခရီးသည်လိုင်းကားတွင် လိုက်ပါလာတဲ့ အသက် ၂၆ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ပါတယ်။

သေဆုံးရုပ်အလောင်းကို လူမှုအထောက်အကူပြုအသင်း မြိတ်မြို့၊ တပ်ပြင်ရပ်ကွက်ရှိ နာရေးကူညီမှု အဆောက်အဦးသို့ ကူညီပို့ဆောင်ပေးခဲ့ကြပါတယ်။

သေဆုံးသူ နောက်တစ်ယောက်မှာ မန်ကျဉ်းကုန်းကျေးရွာကဖြစ်တယ်လို့ ဒေသခံများ၏ ပြောဆိုပါတယ်။

အဲဒီပစ်ခတ်မှုဟာ စစ်ကောက်စီဖက်က ပစ်ခတ်မှုဖြစ်တယ်ဆိုပြီ ပြောဆိုထားပါတယ်။

“ ကျွန်တော်တို့ တိုက်ပွဲ ဖြစ်တဲ့ အချိန်မှာ စစ်တပ်ဂိတ်ရဲ့ အနီးဆုံးမှာ ခရီးသည် ကားတစ်စီးပိတ်မိနေတာကြောင့် ကနဦး ပစ်ခတ်မှု ရပ်နားခဲ့ပေမယ့် စစ်တပ်ဖက်ကတော့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခတ်တာမျိုးတော့ ပြုလုပ်ခဲ့တာ ရှိတယ်” ဟု ပုလောအခြေစိုက် PDF တပ်ဖွဲ့ဝင် တစ်ဦးက ပြောပါတယ်။

ပုလောမြို့နယ်တွင် မေလ ၂၄ ရက်နေ့တွင် စစ်ကောင်စီ ဂိတ်စခန်း သုံးခုဖြစ်သည့် မန်ကျဉ်းကုန်းဂိတ်၊ ထမင်းမစားဂိတ်နှင့် ကျောက်စုဂိတ်တို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပုလောမြို့နယ်သည် ယခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် ဒေသဖြစ်ပါတယ်။

Era’sEye/Photo -ပုလော PDF

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

PDF (၅၀၀)ကျော် အလင်းဝင်လာတယ်ဆိုပြီး စစ်တပ်လော်ဘီတွေ ဝါဒဖြန့်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 11 Views
မတ်လ (၁၉)ရက်။ PDF အဖွဲဝင် (၅၀၆)ဦး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထံ အလင်းဝင်လာကြတယ်ဆိုပြီး စစ်တပ်လော်ဘီချန်နယ်တွေက ဒီကနေ့မှာ ဝါဒဖြန့်ထုတ်ပြန်ထားကြတယ်လို သိရပါတယ်။ အလင်းဝင်လာတဲ့
မြန်မာသတင်း

သမ္မတနဲ့ ဒုသမ္မတတွေ ရွေးမယ့် စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် မတ်လ (၂၀)ရက်မှာ ကျင်းပမယ်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 12 Views
မတ်လ (၁၉)ရက်။ စစ်တပ်ရဲ့ တိတယအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို မတ်လ (၂၀)ရက်နေ့ နံနက် (၁၀)နာရီမှာ ကျင်းပသွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ်နဲ့ မင်းအောင်လှိုင် တွေ့ဆုံ

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 14 Views
မတ်လ (၁၉)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းစစ်ဦးစီးချုပ် General UKris Boontanondha နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိင်တို တွေ့ဆုံခဲ့တယ်လို သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ မင်းအောင်လှိင်က တရားမျှတပြီး သိက္ခာရှိတဲ့ ရွေးကောက်ပွဲကို အောင်မြင်စွာ
မြန်မာသတင်း

တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူမယ်လို GZA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 14 Views
မတ်လ (၁၈)ရက်။ တပ်ပိုင်ပစ္စည်းတွေကို အလွဲသုံးစားပြုလုပ်တဲ့ ရဲဘော်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို Generation Z Army ရဲ့ ဒီကနေ့မှာ အသိပေးကြေညာထားတယ်လို သိရပါတယ်။ GZA ရဲ့ ရဲဘော် (၈)ဦးဟာ တပ်ပိုင် လက်နက်ခဲယမ်း၊
မြန်မာသတင်း

ကျွန်းလှမြို့မှာ ရွှေဖောင်တွေ လေကြောင်းတိုက်ခိုက်ခံရပြီး ပြည်သူ (၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 19 ရက်
  • 11 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၅)ရက်နေ့ နေ့လယ် (၃)နာရီကျော်အချိန်က ကျွန်းလှမြို့ သဖန်းဆိပ်ဆည်ရေပြင်ထဲရှိ ရွှေဖော်တွေကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံက သိရပါတယ်။ “ ဟုမ္မလင်းလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ သဖန်းဆိပ်ဆည်ရေပြင်ထဲက ရွှေဖောင်တွေကို (၃)ကြိမ်တိုက်ခိုက်ခဲ့တာ။
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းသင်တန်းဆင်းအင်အား (၁)သိန်းနီးပါးအထိရှိလာ

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 28 Views
မတ်လ (၁၈)ရက်။ စစ်ကော်မရှင်ရဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်းအင်အား (၉၄၉၆၀)ဦးအထိ ရှိလာပြီလို မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ(MDSI)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ စစ်ကော်မရှင်တပ် စုဆောင်းလေ့ကျင့်နေတဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၀)အထိကို သင်တန်းဆင်းတပ်သား (၁)သိန်းနီးပါးရှိလာတာလို
မြန်မာသတင်း

MNDAA နဲ့ TNLA တော်လှန်ရေးအကျိုး မထိခိုက်စေဘဲ ညှိနှိင်းဖြေရှင်းဖို NUG ယာယီသမ္မတ တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 24 Views
မတ်လ (၁၈)ရက်။ MNDAA နဲ့ TNLA တိုရဲ့ တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့က မေတ္တာရပ်ခံ တိုက်တွန်းချက်တစောင် ထုတ်ပြန်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီစာထဲ MNDAA နဲ့ TNLA ခေါင်းဆောင်တွေအနေနဲ့
မြန်မာသတင်း

ပြည်ထောင်စုလွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်/ကျဉ်းတွေ လွတ်မြောက်ဖို့ဆိုတဲ့အချက် ထည့်သွင်းတောင်းဆိုဖို့ NLD တိုက်တွန်း

  • 2026 ခုနှစ်၊ မတ်လ 18 ရက်
  • 27 Views
မတ်လ (၁၈)ရက်။ CRPH ကျင်းပနေတဲ့ နဝမအကြိမ် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို NLD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီက သဝဏ်လွှာပေးပိုခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသဝဏ်လွှာထဲ ‌နွေဦးတော်လှန်ရေး (၅)နှစ်ကျော်ကာလရောက်ပေမယ့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွေကို (၉)ကြိမ်အထိ အဆက်မပြတ် ကျင်းပနိုင်တဲ့အပေါ်