နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကောင်စီက PDF, CNDF စခန်းများကို သူလျှိုများ လွှတ်ထား

စစ်ကောင်စီက PDF, CNDF စခန်းတွေကို သူလျှိုတွေ လွှတ်ထားပြီး စစ်တပ်က လွှတ်ထားတဲ့ သူလျှိုတွေ အခု ပြန်ရောက်လာကြပြီဖြစ်တယ်လို့ ကလေးဒကစမှူး ဗိုလ်မှူးချုပ်သန့်ဇင်ဦး အပါအဝင် ဌာနပေါင်းစုံက ခရိုင်မှူးတွေနဲ့ အစည်းအဝေး ပြုလုပ်စဥ်မှာ ပြောကြားခဲ့တယ်လို့ တပ်တွင်းဖရဲသီးတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်၊စခန်းကြီးတွင် ယနေ့ (မေလ ၂၅ ရက်) မနက် ၉နာရီ အချိန်မှာ ကလေးဒကစမှူး ဗိုလ်မှူးချုပ် သန့်ဇင်ဦး အပါအဝင် ဌာနပေါင်းစုံက ခရိုင်မှူးတွေနဲ့ အစည်းအဝေး ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးမှာ ဗိုလ်မှူးချုပ်သန့်ဇင်ဦးက အဓိက ကာကွယ်ရေးဖွဲ့စည်းဖို့နဲ့ အုပ်ချူပ်ရေးမှူးအသစ် ပြန်ခန့်အပ်ဖို့ကိစ္စတွေအပြင် PDF, CNDF စခန်းတွေကို သူလျှိုတွေ လွှတ်ထားပြီး အခု လွှတ်ထားတဲ့ သူလျှိုတွေ ပြန်ရောက်လာကြပြီဖြစ်တယ်လို့ အဓိကထားပြောကြားခဲ့တာပါ။

“ ဒကစမှူး ပြောသွားတာကတော့ “ မျိုးကိုကို” ဆိုတဲ့လူအပြင် တစ်ခြားသူလျှိုတွေ PDF စခန်းတိုင်းမှာ လွှတ်ထားတာ ပြန်ရောက်လာကြပြီး၊ PDF, CNDF စခန်းတိုင်းရဲ့ တည်နေရာမြေပုံ အကုန်ရပြီ” လို့ တပ်တွင်းဖရဲသီးက ပြောပါတယ်။

ပြီးခဲတဲ့ ဧပြီလကုန်မှာ ဒကစမှူး အပါအဝင် လျှို့ဝှက်အစည်းအဝေးဆုံးဖြတ်ချက်ဖြစ်တဲ့ နောက်ဆုံးဝယ်ထားတဲ့ ရုရှားထုတ် ဂျက်ဖိုက်တာ Yak – 130 (၄) စီးထဲက (၁) စီးကို တောင်းခံပြီး ကလေးတောင်ပိုင်း PDF တွေနဲ့ ချင်းတောင်ကို အပြတ်ခြေမှုန်းဖို့ အစီအစဥ်ရှိတဲ့သတင်းလည်း အခုလို တပ်တွင်းဖရဲသီးတွေရဲ့ သတင်းပေးမှုကြောင့် ပေါက်ကြားခဲ့ပါသေးတယ်။

Era’sEye/Photo -CRD/Source:ThangBoo

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၃၀၀)ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကင်းပုန်း တိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 26 Views
ဩဂုတ်လ (၁၃)ရက်။ မနေ့က နံနက် (၉)နာရီအချိန် မြင်းခြံမြို့အနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ ကင်းပုန်းကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့တယ်လို့ Myingyan
မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 23 Views
ဩဂုတ်လ (၁၃)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီခွဲကျော်အချိန်က ကျောက်မဲမြို့ ပင်ပေါရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး
မြန်မာသတင်း

ပလက်ဝကို AA က အုပ်ချုပ်ရေးဖော်ဆောင်တာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ဆို

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 35 Views
ဩဂုတ်လ (၁၃)ရက်။ ချင်းပြည်နယ် ပလက်ဝမြို့ကို AA က ခရိုင်တခုအနေနဲ့ ထည့်သွင်းပြီး အုပ်ချုပ်ရေးဖော်ဆောင်နေတာဟာ ချင်းပြည်သူတွေအပေါ် ကိုလိုနီပြုတဲ့လုပ်ရပ်လို့ Chin Civic Movement(CCM)က မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းထဲ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ
မြန်မာသတင်း

ဇူလိုင်လထဲ လူသားစာနာမှုအကူအညီအနေနဲ့ ကျပ်သန်း(၅၀၀)ကျော် ပံ့ပိုးခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 24 Views
ဩဂုတ်လ (၁၃)ရက်။ ဇူလိုင်လထဲ လူသားစာနာမှုအကူအညီအနေနဲ့ ငွေကျပ် (၅၆၇.၆၄)သန်းကို အမှန်တကယ် လိုအပ်နေသူတွေဆီ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီငွေကျပ်(၅၀၀)သန်းကျော်ဟာ တော်လှန်ပြည်သူတွေရဲ့ ပြည်သူမှပြည်သူ အလှူငွေဖြစ်ကာ အဲ့ဒီအထဲ စစ်ဘေးရှောင်ပြည်သူ
မြန်မာသတင်း

တရုတ်ရဲ့ဩဇာလွှမ်းမိုးချုပ်ကိုင်တာက တော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးအခက်အခဲလို့ TNLA ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 26 Views
ဩဂုတ်လ (၁၃)ရက်။ ကိုယ်ကျိုးစီးပွားတခုထဲကြည့်တဲ့ တရုတ်ရဲ့ ဩဇာလွှမ်းမိုးချုပ်ကိုင်တာက တော်လှန်ရေးမှာ အကြီးမားဆုံး အခက်အခဲလို့ TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိူလ်ချုပ် တားဘုန်းကျော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လက်ရှိတော်လှန်ရေးမှာ ရင်ဆိုင်နေရတဲ့ အကြီးမား‌ဆုံး အခက်အခဲ” ဆိုတဲ့ခေါင်းစဉ်နဲ့
မြန်မာသတင်း

မဲပေးသူ ဘယ်လောက်ရာခိုင်နှုန်းရှိမှ ‌ရွေးကောက်ပွဲ အောင်မြင်မယ်ဆိုပြီး ပြဋ္ဌာန်းထားတာမရှိဘူးလို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 13 ရက်
  • 22 Views
ဩဂုတ်လ (၁၃)ရက်။ ရွေးကောက်ပွဲဥပဒေမှာ မဲပေးသူ ဘယ်လောက်ရာခိုင်နှုန်းရှိမှ ရွေးကောက်ပွဲ အောင်မြင်မယ်ဆိုပြီး ပြဋ္ဌာန်းထားတာ မရှိဘူးလို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကော်မရှင်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ကာ/လုံက စစ်ကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးတာက ရွေးကောက်ပွဲ အောင်မြင်စွာ
မြန်မာသတင်း

မြင်းခြံမြို့အနီး အင်အား(၁၀၀၀)ခန့်ရှိတဲ့ စစ်တပ်စစ်ကြောင်းနဲ့ (၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MBT ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 44 Views
ဩဂုတ်လ (၁၂)ရက်။ ဇူလိုင်လ (၃၁)ရက်နေ့ကစပြီး ဩဂုတ်လ (၁၀)ရက်နေ့အထိ မြင်းခြံမြို့အနီး ထိုးစစ်ဆင်လာတဲ့ အင်အား(၁၀၀၀)ခန့်ရှိ စစ်တပ်စစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲမှာ စစ်တပ်ဘက်ကို စုဖွဲ့မှုပြိုကွဲကာ
မြန်မာသတင်း

ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ ဩဂုတ်လ 12 ရက်
  • 34 Views
ဩဂုတ်လ (၁၂)ရက်။ စစ်အာဏာရှင်တွေ ဇာတ်သိမ်းတော့မယ့်အခြေအနေကို မြင်နေရပြီဖြစ်ပေမယ့် စစ်အုပ်စုက မာန်မလျှော့သေးဘူးလို့ KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက (၇၅)နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုအခါ စစ်တပ်က နိုင်ငံ့အာဏာကို အဓမ္မလုယူခဲ့တဲ့နောက်ပြီး တနိုင်ငံလုံးမှာရှိတဲ့ လူမျိုးတွေ၊