နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

မြန်မာသတင်း

မြန်မာသတင်း

ပလက်၀မြို့ အိန္ဒိယနယ်စပ်အနီးက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ဖို့ ထပ်မံကြိုးစားနေတယ်လို့ AA အသိပေး

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၃)ရက်၊ ခေတ်မျတ်လုံး။

ချင်းပြည်နယ်၊ ပလက်၀မြို့ရှိ အိန္ဒိယနယ်စပ်အနီးက စစ်ကောင်စီရဲ့ ပွိုင့်(၃၇၇)စခန်းကို အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ဖို့ ထပ်မံကြိုးစားနေတယ်လို့ ရက္ခိုင့်တပ်(AA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အဲ့ဒီစစ်ကောင်စီရဲ့ ပွိုင့်(၃၇၇)စခန်းဟာ အိန္ဒိယနယ်စပ် BP-9 မြစ်၀ရွာရဲ့ တောင်ဘက် (၅)ကီလိုမီတာ၊ နယ်စပ်မှတ်တိုင် BP-5 ရဲ့ အရှေ့ဘက် ၄.၄၅ ကီလိုမီတာအကွာမှာတည်ရှိတယ်လို့ ဆိုပါတယ်။

ပွိုင့်(၃၇၇)စခန်းဟာ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ တစ်၀က်တစ်ပျက်ကျန်ရှိနေသေးတဲ့ စစ်ကောင်စီစခန်းတွေထဲက တစ်ခုဖြစ်ကာ အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကြိုးပမ်းနေတာလို့ ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ (၂၂)ရက်နေ့ကလည်း မောင်တောမြို့မြောက်ပိုင်း ကြောင်နဘေရွာအနီး မိနစ်အနည်းငယ်အကြာ နှစ်ဘက်ရင်ဆိုင်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က လုပ်လေ့လုပ်ထရှိတဲ့အတိုင်း ကြောင်နဘေရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီနေ့ တစ်ရက်ထဲမှာ စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးတာတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး ညနေ (၅)နာရီအချိန်က စစ်တွေမြို့ ကိုရီးယားဆိပ်ကမ်းကို ဈေး၀ယ်လာတဲ့ အမျိုးသား (၈)ဦးနဲ့ အမျိုးသမီး (၃)ဦးကို ဖမ်းဆီးပြီး အမှတ်(၁)ရဲစခန်းကို ဖမ်းဆီးသွားခဲ့တယ်လို့ AA က ပြောဆိုထားပါတယ်။

ဒါ့ပြင် သံတွဲမြို့၊ ကင်းမော်ကျေးရွာထဲက အသက်(၅၀)အရွယ်ရှိ ဒေသခံတစ်ဦးကို ဖမ်းဆီးခဲ့သလို တောင်ကုတ်အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၅၄၄)နဲ့ ခမရ(၃၄၆)တပ်ရင်းတွေက တပ်ဖွဲ့၀င်အင်အား (၅၀)ခန့်ရှိတဲ့ စစ်ကြောင်းက တပျော့ရွာထဲ၀င်ပြီး ဒေသခံ (၆)ဦးကို ဖမ်းဆီးကာ (၃)ဦးပြန်လွှတ်ပေးပြီး ကျန်(၃)ဦးကို လူသားဒိုင်းအနေနဲ့ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 4 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 6 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 57 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 18 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 31 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 29 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 32 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ