နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကျုံဒိုး မြို့ အနီးတိုက်ပွဲ ပြင်းထန်၊ စစ်အုပ်စုဘက်က အကျအဆုံးများရှိနေ စစ်အုပ်စုက နေအိမ်များကို မီးရှို့ဖျက်ဆီးကာ လက်နက်ကြီးများဖြင့် ပစ်ခတ်

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့ အနီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိခိုက်အကျအဆုံးများရှိနေတယ်ပြီး ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်အုပ်စု မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Lion Battalion Commando – ဗျူဟာစစ်ကြောင်းက ဇန်နဝါရီ (၂၅) ရက်မှာ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

Lion Battalion Commando – ဗျူဟာစစ်ကြောင်း နှင့် ပူးပေါင်း မဟာမိတ် အဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ခဲ့ရာမှာ နှစ်ဘက်တိုက်ပွဲတွေပြင်းထန်နေဆဲ ဖြစ်တယ်လို့သိရပါတယ်။

Lion Battalion Commando – ဗျူဟာစစ်ကြောင်း ကို ဗျူဟာမှူးဗိုလ်အယ်စေးဝါးက ဦးဆောင်နေတာဖြစ်ပါတယ်။
စစ်ကောင်စီတပ်ဟာ လက်နက်ကြီးများ ၊လေကြောင်းတိုက်ခိုက်မှုများ ကို အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်နေတာဖြစ်ပြီး နေ့စဉ်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာအကြမ်းဖက် စစ်ကောင်စီ ဘက်က သေဆုံးသူ(၄၀) နဲ့ အထက် ရှိတယ်လို့သိရပါတယ်။

တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကာ ကရင် ပြည်နယ် ၊ ကော့ကရိတ်မြို့နယ် ၊ ကျုံဒိုးမြို့အနီးက ကမ်းနီ ၊ မိဂလုံ ၊ ကော့ဘိန်း အစရှိ တဲ့ ကျေးရွာတွေကို ဇန်နဝါရီ ၂၀ ရက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် နေအိမ်တွေ မီးလောင်ပျက်စီးခဲ့ပြီး ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပဲခူးမြို့ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ချေမှုန်းခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 25 Views
ဇန်နဝါရီလ (၁)ရက်။ ဒီဇင်ဘာလ (၂၈)ရက်နေ့က ပဲခူးမြို့ထဲ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၂၈)ဦး သေဆုံးခဲ့ရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 24 Views
ဇန်နဝါရီလ (၁)ရက်။ ပြီးခဲ့တဲ့လထဲ ဝက်လက်နယ်အရှေ့ခြမ်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်တာ (၁၄)ကြိမ်အထိ ရှိခဲ့တယ်လို့ Wetlet information network ရဲ့
မြန်မာသတင်း

ကရင်နီပြည်သူတွေရဲ့ လွတ်လပ်ရေးတိုက်ပွဲကို နိုင်ငံတကာက ထောက်ပံ့ကူညီဖို့ Karenni-IEC ဥက္ကဋ္ဌ တောင်းဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 24 Views
ဇန်နဝါရီလ (၁)ရက်။ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ကရင်နီပြည်သူတွေရဲ့ တရားမျှတတဲ့ လွတ်လပ်ရေး‌တိုက်ပွဲကို ထောက်ပံ့ကူညီပေးဖို့ Karenni-IEC ဥက္ကဋ္ဌ ခူဦးရယ်ရဲ့ ဒီကနေ့ နှစ်သစ်သဝဏ်လွှာမှာ တောင်းဆိုထားတယ်လို့ သိရပါတယ်။ “ အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းအနေနဲ့ မိမိတို့ ကရင်နီပြည်သူတွေရဲ့ တရားမျှတတဲ့
မြန်မာသတင်း

အကျဉ်းသား (၁၁၀)ဦးကို NUG ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 1 ရက်
  • 21 Views
ဇန်နဝါရီလ (၁)ရက်။ အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား/သူ (၁၁၀)ဦးကို NUG က ဒီကနေ့မှာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ကျရောက်တဲ့ နှစ်သစ်အခါသမယနေ့မှာ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး လူသားစာနာမှုကို
မြန်မာသတင်း

အထူးတိုင်းစစ်ဌာနအောက် တပ်ရင်း(၁)ရင်းနဲ့ ဒရုန်းတပ်ဖွဲ့တဖွဲ့ အတည်ပြုဖွဲ့စည်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 56 Views
ဒီဇင်ဘာလ (၃၀)ရက်။ အထူးတိုင်းစစ်ဌာနရဲ့ ကွပ်ကဲမှုအောက်မှာ တပ်ရင်း (၁)ရင်းနဲ့ ဒရုန်းတပ်ဖွဲ့တဖွဲ့တို့ကို အတည်ပြုဖွဲ့စည်းလိုက်ပြီဖြစ်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အတည်ပြုဖွဲ့စည်းလိုက်တဲ့ တပ်ရင်းနဲ့ ဒရုန်းတပ်ဖွဲ့ဟာ အမှတ်(၈၀၀၁)တပ်ရင်း Ye Guerilla Force(YGF)နဲ့ အမှတ်(၁၈၁၉)ဒရုန်းတပ်ဖွဲ့ Flying
မြန်မာသတင်း

ဂန့်ဂေါခရိုင်ထဲ ယောဒေသစစ်ဆင်ရေး ဂန့်ဂေါခရိုင်စစ်ဌာန စတင်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 59 Views
စစ်တပ်လက်အောက်ခံ ပျူစောထီးရွာတရွာကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ဆို ဒီဇင်ဘာလ (၃၀)ရက်။ ဒီဇင်ဘာလ (၂၇)ရက်နေ့ နံနက် (၅)နာရီအချိန်ကစပြီး ဂန့်ဂေါခရိုင်ထဲရှိ စစ်တပ်စခန်းတွေနဲ့ ပျူစောထီးရွာတွေကို ယောဒေသစစ်ဆင်ရေးအနေနဲ့ စတင်ထိုးစစ်ဆင်ခဲ့တယ်လို့ ဂန့်ဂေါခရိုင်စစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးကို ဂန့်ဂေါခရိုင်စစ်ဌာနအနေနဲ့
မြန်မာသတင်း

ချောက်မြို့တိုက်ပွဲထဲ စစ်တပ်ဘက်က (၇)ဦးသေဆုံးပြီး (၂၀)ခန့် ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 46 Views
ဒီဇင်ဘာလ (၃၀)ရက်။ ချောက်မြို့ရှိ စစ်တပ်ရဲ့ မြို့အဝင်ဂိတ်၊ တပ်စခန်းနဲ့ စစ်ကြောင်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ မကွေးခရိုင်စစ်ဌာန-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီဇင်ဘာလ (၂၃)ရက်နေ့ နံနက် (၅)နာရီအချိန်က ဖိုကုန်းရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို
မြန်မာသတင်း

၂၀၂၆ခုနှစ်မှာ တော်လှန်ရေး အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ ဒေါက်တာဇော်ဝေစိုးပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 30 ရက်
  • 30 Views
ဒီဇင်ဘာလ (၃၀)ရက်။ ၂၀၂၆ခုနှစ်မှာ တေယ်လှန်ရေးကို အောင်မြင်စွာ အဆုံးမသတ်နိုင်သေးဘူးလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က PVTV နဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ၂၀၂၆မှာ ဘာဖြစ်မလဲဆိုတာ တိတိကျကျ