နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျွန်းကြီးကုန်းရွာ မီးရှို့ဖျက်ဆီး ခံရ၊ ကသာမြို့နယ်က ဘုန်းကြီးကျောင်းကို ပါစစ်အုပ်စု မီးရှို့ ဖျက်ဆီး ၊ သံဃာတော်များနေစရာမရှိဖြစ်နေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျွန်းကြီးကုန်းရွာကို ဇန်နဝါရီ (၂၅) ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ကျွန်းကြီးကုန်းရွာဟာ စစ်ကိုင်းတိုင်း ၊ ထီးချိုင့်မြို့နယ် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အစပ် ဧရာ၀တီ မြစ်ကမ်းနဘေးက ရွာတရွာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကသာ ၊ ထီးချိုင့် ၊ သပိတ် ကျင်း မြို့နယ် တို့ အပါအဝင် ဧရာ၀တီမြစ်ကမ်းဘေး ဝဲယာ တလျှောက်က ရွာတွေကို စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေတာပါ။မီးရှို့ဖျက်ဆီးခံရတဲ့အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားရွာအုပ်စု တိုက်ကုန်းရပ် ရွာ မှာလည်း ဒေသခံတွေရဲ့ အိမ်တွေကို ပါ မီးရှို့ဖျက်ဆီးနေပြီ ရွာက ဘုန်းကြီးကျောင်းကိုပါ ထပ်မံ မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် သံဃာတော်တွေအနေနဲ့ သီတင်းသုံးဖို့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံများရဲ့ နေအိမ် (၅၀) နီးပါး

မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ လက်ရှိ ကသာမြို့နယ်တွင် စစ်ကြောင်းထိုးနေတဲ့အတွက် အနီးအနားရွာတွေကဒေသခံ ပြည် သူတွေထွက်ပြေး ရှောင်တိမ်းနေရတယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မဲပေးခွင့်မဆုံးရှုံးစေဖို့ ကုလသမဂ္ဂမှာ NUG ငွေပေးသွင်းနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ စစ်တပ်အာဏာသိမ်းဖို့ ကြိုးပမ်းတဲ့အချိန်ကစပြီး ၂၀၂၅ခုနှစ်အထိ မဲပေးခွင့်မဆုံးရှုံးစေဖို့ ကုလသမဂ္ဂကို NUG က ငွေပေးသွင်းထားတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့
မြန်မာသတင်း

ပေါက်နယ်မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၁၀)ဦးကျော်သေဆုံး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခန့်က ပေါက်မြို့နယ်တောင်ပိုင်းရှိ ချက်ကန်ရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

ဂိတ်ဖွင့်အခွန်ကောက်တာကစပြီး အကျင့်ပျက်ချစားမှုကြီးအဆင့်အထိ ရှိနေသေးတယ်လို့ NUG ဒုစစ်ဦးစီးအရာရှိချုပ်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 31 Views
တပ်မှူး‌ကြီးတွေအစည်းအဝေးမှာ ပြင်းပြင်းထန်ထန် ဆွေးနွေးခဲ့ပြီး ထိန်းကျောင်းဖို့ ဆန္ဒရှိကြတယ်လို့ဆို ဖေဖော်ဝါရီလ (၁၀)ရက်။ ဂိတ်ဖွင့် အခွန်ကောက်တာကစပြီး အကျင့်ပျက်ချူညးမှုကြီးအဆင့်အထိ ရှိနေဆဲလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒုစစ်ဦးစီးအရာရှိချုက် ဒေါက်တာ စိုးသူရဇော်က တပ်မှူးကြီးများအစည်းအဝေးနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့ NUCC နဲ့ NUG ဒုတိယအကြိမ် ဆွေးနွေးအဖြေရှာ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 37 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဖေဖော်ဝါရီလ (၈)ရက်နေ့ ည (၇)နာရီအချိန်ကစပြီး NUCC နဲ့ NUG တို့ (၄)နာရီကျော်ကြာ ဒုတိယအကြိမ်မြောက် ဆွေးနွေးအဖြေရှာခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးဦးဆောင်မှုခိုင်မာဖို့နဲ့ နိုင်ငံရေးဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပြီး
မြန်မာသတင်း

မုံရွာရှိ နမခအနီး ကာကင်းစခန်း တိုက်ခိုက်ခံရပြီး (၂)ပွင့်ဗိုလ်တဦးအပါအဝင် (၆)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက်ပိုင်းက မုံရွာရှိ နမခဌာနချုပ်အနီး ကာကင်းစခန်းကနေ ထွက်လာတဲ့ စစ်ကော်မရှင်တပ်ကို တိုက်ခိုက်ခဲ့တယ်လို့ PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမခနားမှာ အထိုင်ချတပ်စွဲထားတဲ့ ကာကင်းခန်းကနေ
မြန်မာသတင်း

တဖွဲ့ချင်း စကားပြောတဲ့ပုံစံမျိုး လက်မခံဘူးလို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 10 ရက်
  • 31 Views
ဖေဖော်ဝါရီလ (၁၀)ရက်။ တဖွဲ့ချင်းနဲ့ စကားပြောတဲ့ပုံစံမျိုးကို လက်ခံမှာမဟုတ်ဘူးဆိုတာ ပြောပြထားပြီးဖြစ်တယ်လို့ (၆၅)နှစ်ပြည့် ကချင်တော်လှန်ရေးနေ့အခမ်းအနားမှာ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ နေပြည်တော်အစိုးရကို ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်း ပြောတယ်။ KIO တဖွဲ့ထဲနဲ့
မြန်မာသတင်း

မြိုင်နယ်ရှိ နယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ ရေစကြိုပကဖထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 57 Views
ဖေဖော်ဝါရီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီအချိန်က မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းက စစ်ကောင်စီတပ်သားတဦး အလင်းဝင်လာခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖထံက သိရပါတယ်။ “ လင်းကတောနယ်မြေရဲစခန်းက အသက် (၁၈)နှစ်အရွယ်ရှိတဲ့ ပြည်သူ့စစ်တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ ရေစကြိုပကဖကို ဆက်သွယ်ပြီး အလင်းဝင်လာတာ”
မြန်မာသတင်း

အာဏာရူးနဲ့ငြိမ်းချမ်းရေး

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 46 Views
ဒီအပတ် ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ကြည့်ခြင်း (၃၃) ခေါင်းစဥ်ကတော့” အာဏာရူးနဲ့ငြိမ်းချမ်းရေး”ဖြစ်ပါတယ်။ ဒီနေ့ပြောမဲ့ အကြောင်းအရာ ကတော့ KNU ဥက္ကဋ္ဌစောကွယ်ထူးဝင်းကပြည်နယ်အားကောင်းရေးကနေ ပြည်ထောင်စုအား ကောင်းရေး လမ်းစဉ်ကို ချမှတ်ထားတယ်ဆိုခဲ့သလို၊ KIO ဥက္ကဋ္ဌ အင်ဘန်လှကလည်း ထိန်းချုပ်နယ်မြေတွေမှာ