နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျွန်းကြီးကုန်းရွာ မီးရှို့ဖျက်ဆီး ခံရ၊ ကသာမြို့နယ်က ဘုန်းကြီးကျောင်းကို ပါစစ်အုပ်စု မီးရှို့ ဖျက်ဆီး ၊ သံဃာတော်များနေစရာမရှိဖြစ်နေ

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် ကျွန်းကြီးကုန်းရွာကို ဇန်နဝါရီ (၂၅) ရက် မနက်ပိုင်းမှာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ဒေသခံတွေဆီက သိရပါတယ်။ ကျွန်းကြီးကုန်းရွာဟာ စစ်ကိုင်းတိုင်း ၊ ထီးချိုင့်မြို့နယ် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အစပ် ဧရာ၀တီ မြစ်ကမ်းနဘေးက ရွာတရွာ ဖြစ်ပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကသာ ၊ ထီးချိုင့် ၊ သပိတ် ကျင်း မြို့နယ် တို့ အပါအဝင် ဧရာ၀တီမြစ်ကမ်းဘေး ဝဲယာ တလျှောက်က ရွာတွေကို စစ်အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုတွေပြုလုပ်နေတာပါ။မီးရှို့ဖျက်ဆီးခံရတဲ့အတွက် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်း ကသာမြို့နယ် မိုးတားရွာအုပ်စု တိုက်ကုန်းရပ် ရွာ မှာလည်း ဒေသခံတွေရဲ့ အိမ်တွေကို ပါ မီးရှို့ဖျက်ဆီးနေပြီ ရွာက ဘုန်းကြီးကျောင်းကိုပါ ထပ်မံ မီးရှို့ဖျက်ဆီးလိုက်တဲ့အတွက် သံဃာတော်တွေအနေနဲ့ သီတင်းသုံးဖို့ အခက်အခဲတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံများရဲ့ နေအိမ် (၅၀) နီးပါး

မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ လက်ရှိ ကသာမြို့နယ်တွင် စစ်ကြောင်းထိုးနေတဲ့အတွက် အနီးအနားရွာတွေကဒေသခံ ပြည် သူတွေထွက်ပြေး ရှောင်တိမ်းနေရတယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နေပြည်တော် တပ်ကုန်းမြို့ရှိ စစ်တပ်လုံခြုံရေးကင်းစခန်း စီးနင်းရှင်းလင်းခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 11 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၂)ရက်နေ့ ညနေပိုင်းအချိန်က နေပြည်တော် တပ်ကုန်းမြို့ရှိ စစ်တပ်ရဲ့ ရတနာမြေအခြေပြုလုံခြုံရေးကင်းစခန်းကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 18 Views
နိုဝင်ဘာလ (၁၄)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်မှာ ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ မောတောင်မြို့ကို KNLA ပူးပေါင်းတပ်တွေက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

ပြည်သူ့စစ်မှုထမ်းတပ်သားအချို့ကို နှုတ်ထွက်ခွင့်ပေးတယ်ဆိုပြီး စစ်ကော်မရှင် ပုံဖော်ဝါဒဖြန့်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 19 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က စစ်ကော်မရှင်ရဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ပြည်သူ့စစ်မှုထမ်း တပ်သားအချို့ကို စစ်မှုထမ်းဆောင်ပြီးကြောင်း လက်မှတ်ထုတ်ပေးတဲ့အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းပြီးကြောင်း လက်မှတ်ပေးအပ်တာဟာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းတွေထဲက စစ်မှုထမ်းကာလ (၃)ပုံ (၁)ပုံ လျှော့ပေါ့ခွင့်ရရှိတဲ့
မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 30 Views
နိုဝင်ဘာလ (၁၃)ရက်။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈၅)ဦး သေဆုံးခဲ့တယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ပေါင်း (၂၅၀)အထိ ကျူးလွန်ခဲ့ပြီး ‌ပြည်သူ
မြန်မာသတင်း

ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 41 Views
ရန်ကုန်မှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ နိုဝင်ဘာလ (၁၃)ရက်။ ရန်ကုန်တိုင်းရှိ မြို့နယ်အချို့က ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စာလှယ်လောင်း မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းဘက်မှာ ကြံ့ဖွတ်ပါတီက မဲဆွယ်တဲ့ ကိုယ်စားလှယ်လောင်းဆိုင်းဘုတ်တွေ
မြန်မာသတင်း

အင်တာနက်ပေါ် နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို စောင့်ကြည့်အရေးယူဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီဖွဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 35 Views
နိုဝင်ဘာလ (၁၃)ရက်။ အင်တာနက်ပေါ်မှာ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာတွေကို တားမြစ်အရေးယူဖို့ဆိုပြီး စစ်ကော်မရှင်က ကော်မတီဖွဲ့စည်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အင်တာနက်ပေါ်မှာ သတင်းတု၊ သတင်းမှားတင်တာ၊ မဖွယ်မရာတင်တာနဲ့ နိုင်ငံရေးအရ တိုက်ခိုက်ပြောဆိုတာကို ဥပဒေကြောင်းအရ ဖော်ထုတ်အရေးယူဖို့ စစ်ကော်မရှင်က ဩဂုတ်လ
မြန်မာသတင်း

ခင်ဦးနယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး စုဖွဲ့မှုပျက်ကာ စစ်ကြောင်းမှူးအပါ (၅၀)ဦး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 36 Views
နိုဝင်ဘာလ (၁၃)ရက်။ မနေ့က နံနက် (၈)နာရီ (၅၀)မိနစ်အချိန်က ကန့်ဘလူနယ် ဝက်တိုးရွာအထိုင်စခန်းကနေ ခင်ဦးနယ်ကို အင်အား (၁၀၀)ကျော်နဲ့ တပ်မ(၃၃)လက်အောက်ခံ ခလရ(၁၁၁)တပ်က စစ်ကြောင်းထိုးလာခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ အဲ့ဒီစစ်တပ်စစ်ကြောင်းကို ကန့်ဘလူနယ် ယင်းတိုက်ရွာအနီးမှာ တော်လှန်ရေးတပ်တွေက
မြန်မာသတင်း

မုံရွာ နမခဌာနချုပ်ထဲ စစ်တပ်လေထီးတစီး ပျက်ကျကာ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တဦး သေဆုံး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 53 Views
နိုဝင်ဘာလ (၁၂)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် မုံရွာအခြေစိုက် နမခစစ်ဌာနချုပ်ထဲ စစ်တပ်ရဲ့ စက်တပ်လေထီးတစ်စီး ပျက်ကျခဲ့တယ်လို့ People’s Defense Comrade ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နမခခွေးခြံကနေ paramotor