နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရခိုင် နာမည်ကြီးအဆိုတော်တွေကို ဖိတ်ခေါ်ပြီး ULA/AA က ပြုလုပ်မယ့် ဇီးချောင်းသင်္ကြန်ပွဲတော်၊ အခုနှစ် ပိုစည်ကားမယ်လို့ ပြောဆို

ULA/AA က ကျင်းပပြုလုပ်မယ့် ကျောက်တော်မြို့နယ်၊ ဇီးချောင်းသင်္ကြန်ပွဲတော်ကို စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမယ်လို့ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေး ကော်မတီက ပြောပါတယ်။

ဓာတ်ပုံ – ၂၀၂၂ ခုနှစ်က ဇီးချောင်းသင်္ကြန်ပွဲတော်အား မြင်တွေ့ရစဉ်။

ULA/AA အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ဇီးချောင်းသင်္ကြန်ပွဲတော်ကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့တာမို့ အခုနှစ်သင်္ကြန်ဟာ ULA/AA ရဲ့ ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ ပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်။

အရင်နှစ်က ရခိုင်နာမည်ကြီး အဆိုတော်တွေ ပါဝင်သီဆိုခဲ့ကြသလို အခုနှစ်မှာလည်း ရခိုင်နာမည်ကြီးအဆိုတော်တွေနဲ့ စည်ကားစွာ ကျင်းပသွားမယ်လို့ ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်တစ်ဦးက Era’sEye ကိုပြောပါတယ်။

ဓာတ်ပုံ – ၂၀၂၂ ခုနှစ်က ဇီးချောင်းသင်္ကြန်ပွဲတော်အား မြင်တွေ့ရစဉ်။

“ ပြီးခဲ့တဲ့နှစ်က နေ့တိုင်းသွားခဲ့တယ်။ တော့်တော့ကိုစည်တာဗျ။ နယ်အစုံက လူပေါင်းစုံ လာကြတာတွေ့ရတယ်။ ဒီလောက် လူအများကို ထိန်းသိမ်းပေးတဲ့ ULA/AA ရဲ့ တာဝန်ကလည်း မသေးလှဘူး။ ဒါပေမဲ့ သူတို့ အကောင်းဆုံး ထိန်းနိုင်ခဲ့တယ်။ ဒီနှစ်လည်း လုပ်မှာဆိုတော့ သွားမှာပဲ။ ပြောရရင် ဒီနှစ်က ပိုစည်မယ်လို့ ကျနော်ထင်တယ် “ လို့ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်နေ ကိုထွန်းနိုင်က ပြောပါတယ်။

ဓာတ်ပုံ – ၂၀၂၂ ခုနှစ်က ဇီးချောင်းသင်္ကြန်ပွဲတော်အား မြင်တွေ့ရစဉ်။

ဇီးချောင်းသင်္ကြန်ပွဲတော်အနေနဲ့ သင်္ကြန်အကြိုနေ့ကတည်းကပင် စည်ကားနေတတ်ပြီး AA တပ်ဖွဲ့ဝင်တွေနဲ့ နာမည်ကြီး ရခိုင်အဆိုတော်တွေအပြင် ရခိုင်ရိုးရာ အစားအသောက်၊ ရိုးရာ ရေလောင်းမဏ္ဍပ်တွေ ထည့်သွင်းထားတာကြောင့် အမြို့မြို့အနယ်နယ်ကလူတွေ လာရောက်ဆင်နွှဲသူ သိန်းနဲ့ချီ ရှိတယ်လို့လည်း ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်က ပြောပါတယ်။

ဓာတ်ပုံ – ၂၀၂၂ ခုနှစ်က ဇီးချောင်းသင်္ကြန်ပွဲတော်အား မြင်တွေ့ရစဉ်။

ဇီးချောင်းသင်္ကြန်ပွဲတော်ကို ဇီးချောင်းဆည် ဧရိယာမှာ ကျင်းပတာဖြစ်ပါတယ်။ ဇီးချောင်းဆည်ဟာ ကျောက်တော်မြို့နယ်နဲ့ မြောက်ဦးမြို့နယ်အကြား မဟာမုနိဘုရားရဲ့ အရှေ့မြောက်ဘက် ပလက်ဝမြို့ကို သွားတဲ့ အဝေးပြေးလမ်းမပေါ်မှာ တည်ရှိတာလည်း ဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်တို့ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဆိုတဲ့ ခေါင်းစဉ်နဲ့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့က စတင်ပြီး နှစ်ဘက် အပတ်အခတ် ရပ်စဲထားခဲ့တာလည်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

၂၀၂၆ ခုနှစ်၊ မတ်လနှောင်းပိုင်းအထိ ရုရှား-ယူကရိန်းစစ်ပွဲရဲ့ နောက်ဆုံးအခြေအနေတွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
၂၀၂၆ ခုနှစ်၊ မတ်လ ရက် ၁။ စစ်မြေပြင်အခြေအနေ နွေဦးထိုးစစ်တွင် ခံစစ်မြို့ကြီးများ တိုက်ပွဲ။  ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းရဲ့ ဒိုးနက်စ်
မြန်မာသတင်း

စစ်တပ် ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းပြော

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 26 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ တပ်မတော်နေ့နောက်ပိုင်းမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ပိုင်း အပြောင်းအလဲရှိမယ်ဆိုပြီး ဒုစစ်ခေါင်းဆောင် စိုးဝင်းက ‌ပြည်တွင်းသတင်းဌာနအချို့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

မကွေးလေတပ်စခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 27 Views
မတ်လ (၂၇)ရက်။ မတ်လ (၂၅)ရက်နေ့ ည (၁၁)နာရီ (၂၀)မိနစ်အချိန်က စစ်ကော်မရှင်ရဲ့ မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ BWM ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ BWM ရဲ့ မစ်ရှင်(၅၃)အနေနဲ့
မြန်မာသတင်း

ဒီကနေ့ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီတိုက်ပွဲဟာ ဒုတိယဖက်ဆစ်တော်လှန်ရေးလို့ CRPH ရဲ့ (၈၁)နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့သဝဏ်လွှာမှာ ပြောဆိုထားတယ်လို့ သိရပါတယ်။ အခုအခါမှာ မြန်မာပြည်သူလူထုအနေနဲ့ တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပြည်တွင်းဖက်ဆစ်စနစ်ဆိုးကို ရင်ဆိုင်နေကြရပြီး အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 36 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 26 Views
မတ်လ (၂၆)ရက်။ မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့
မြန်မာသတင်း

ရေးမြိုမြောက်ပိုင်းမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 35 Views
မတ်လ (၂၆)ရက်။ အခုလ ဒုတိယပတ်ကစပြီး ရေးမြိုမြောက်ပိုင်းထဲ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တယ်လို MSFC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မတ်လ (၉)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က
မြန်မာသတင်း

တမူးအခြေစိုက် NLA က MOD နဲ့ ပူးပေါင်း

  • 2026 ခုနှစ်၊ မတ်လ 26 ရက်
  • 27 Views
မတ်လ (၂၆)ရက်။ မတ်လ (၂၀)ရက်နေ့က တမူးဒေသခြေစိုက် အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)က MOD နဲ့ ပူးပေါင်းခဲ့တယ်လို ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NLA ဟာ ၂၀၂၁ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့မှာ Myanmar Federal Army(MFA)နာမည်နဲ့