နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရေလယ်ကျွန်းဒေသ ကို စစ်ကောင်စီစစ်ကြောင်းသုံးခုဖြင့် ဝင်ပစ်ခတ်၊ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် ဝင်ရောက်ပြီး လက်နက်ကြီးနဲ့
ပစ်ခတ် တာကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ​ဒေသခံတွေ ဆီကသိရပါတယ်။

ယနေ့ (မေလ ၂၆ ရက်) နံနက်ပိုင်းက အင်အား ၂၀၀ကျော်ပါ စစ်ကောင်စီတပ်ဟာ မော်တော်များဖြင့် ရေလယ်ကျွန်းဒေသကျေးရွာများအား စစ်ကြောင်းသုံးခုဖြင့် ပတ်လည်ဝိုင်းပိတ်ဆို့ခဲ့ပြီးလက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ကြတာပါ။

အဲဒီလိုဝင်ရောက်ပစ်ခတ်တာကြောင့် မိဖုရားကျေးရွာမှ ကလေးနှစ်ဦး၏ မိခင်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး မဲကုန်းရွာမှ ကလေးငယ်တစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သည် မင်းရွာ၊ ပေါက်တော၊ မဲကုန်းကျွန်း၊ မိဖုရားကျွန်း၊ သမန္တပို့နှင့် လေးအိမ်တန်း စသည့်ကျေးရွာများအား ပစ်ခတ်ဝင်ရောက်နေ၍ ကျေးရွာအများအပြားမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်သည် မေလ ၂၄ ရက်ကလည်း ရေစကြိုမြို့နယ်၊ ပေါက်တောကျေးရွာသို့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့၍ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသးတယ်။

Era’sEye/Photo(ပြီးခဲ့သည့် ၂၀၂၂ အတွင်းက ရေစကြိုရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရစဥ်။ ဓာတ်ပုံ- Cj)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 31 Views
အောက်တိုဘာလ (၁၀)ရက်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မိုးမိတ်မြို့ လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 32 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က ည (၇)နာရီအချိန်က မိုးမိတ်မြို့ ဝဲဘောင်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး
မြန်မာသတင်း

မဲစာရင်းတွေမှားနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက် ထပ်တိုးလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 31 Views
အောက်တိုဘာလ (၁၀)ရက်။ မဲစာရင်းတွေ အများအပြား မှားယွင်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စစ်တပ်လက်အောက်ခံ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက်ကို ထပ်တိုးလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ မဲစာရင်းကြေညာတာကို ရွေး/ကော်က အောက်တိုဘာလ (၁၃)ရက်အထိ ကြေညာထားပေမယ့် အခုအခါမှာတော့
မြန်မာသတင်း

နေပြည်တော်ကိုရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 23 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာတွေကို ဝမ်းသာပြီး အာဆီယံက
မြန်မာသတင်း

ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တဲ့ တရားခံနဲ့ ပူးပေါင်းပါဝင်သူတွေကို လက်တုံ့ပြန်မယ်လို့ မုံရွာပလဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 21 Views
အောက်တိုဘာလ (၉)ရက်။ ချောင်းဦးမြို့ ဘုံတိုရွာက ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တာမှာ ကျူးလွန်ခဲ့သူနဲ့ ပူးပေါင်းပါဝင်သူတွေကို အပြစ်ပေးသွားမယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘုံတိုရွာအနီး ပြည်သူတွေ စုပေါင်းကာ ဆီမီးထွန်းပွဲတော်ပြုလုပ်ချိန် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စက်တပ်လေထီးနဲ့
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့မှာ ဒေသခံတွေ ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 44 Views
အောက်တိုဘာလ (၉)ရက်။ ဗန်းမောက်မြို့အနီးမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမောက်မြို့အနီးတဝိုက်မှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အနီးဝန်းကျင်က ကျေးရွာတွေက
မြန်မာသတင်း

စစ်တပ်ထုတ်ပြန်တဲ့ မဲစာရင်းတွေ မှားယွင်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 45 Views
အောက်တိုဘာလ (၉)ရက်။ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက်ဆိုပြီး စစ်တပ်က ထုတ်ပြန်တဲ့ မဲစာရင်းတွေဟာ မှားယွင်းနေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ လေ့လာစောင့်ကြည့်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နကစအနေနဲ့ တာဝန်ယူပေးပါ။ မြို့နယ်တိုင်း မဲစာရင်းတွေ မှားနေတယ်။ မဲစာရင်းကို တမင်
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်ရှောင်ကလေးတွေ စာသင်တဲ့နေရာကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်တွေအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 43 Views
အောက်တိုဘာလ (၉)ရက်။ မနေ့က ည (၇)နာရီကျော်အချိန် မင်းတပ်မြို့ရှိ ဝမ္မသူးရွာနဲ့ ထင်းချောင်းရွာရှိ စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ စာသင်ကျောင်းတွေကို အကြောင်းမဲ့