နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်နီပြည်က မယ်စဲ့ဗျူဟာကုန်းစစ်တပ်စခန်းက တပ်ရင်းတစ်ခုလုံး လက်နက်ချတာ သတင်းအမှားဆိုပြီး စစ်ကောင်စီဘက်က ငြင်းဆိုနေ

ကရင်နီပြည်ရှိ စစ်ကောင်စီတပ်ရဲ့ မယ်စဲ့ဗျူဟာကုန်းစစ်တပ်စခန်းက တပ်ရင်းတစ်ခုလုံး လက်နက်ချ အလင်းဝင်တယ်ဆိုတာ သတင်းအမှားဆိုပြီး စစ်ကောင်စီကိုထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ငြင်းဆိုဖော်ပြမှုတွေရှိနေပါတယ်။

မယ်စဲ့ဗျူဟာကုန်းစစ်တပ်စခန်းက အင်အား ၁၀၀နီးပါးရှိတဲ့ ခမရ ၄၃၀တပ်ရင်းတစ်ခုလုံးသည် တော်လှန်ရေးအင်အားစုများထံ လက်နက်ချ အလင်းဝင်ခဲ့ကာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇာနည်အောင်နဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူး ကျော်သူစိုးတို့ပါဝင်တယ်လို့ ငွေမောင်းသံမီဒီယာက ဖော်ပြလာတာပါ။

“သူတို့ စစ်ကောင်စီထောက်ခံတဲ့သူတွေက မဟုတ်ဘူးဆိုပြီး ပြန်ငြင်းတာဆိုတော့ အဲ့သတင်းက တကယ်အမှန်လို့တောင်ပြောရမှာပေါ့၊ သူတို့အဲ့လောက်ထိ ငြင်းပြီဆိုရင် ပြည်သူတွေက အဲ့သတင်းအမှန်လို့ပဲတွေးကြတာ၊ အချိန်တန်ရင်တော့ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်လာမှာပါ”လို့ နိုင်ငံရေးလေ့လာသူတစ်ဦးက ဆိုပါတယ်။



ထိုသတင်းနဲ့ပတ်သက်ပြီး စစ်ကောင်စီကိုထောက်ခံနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ သတင်းအမှားသာဖြစ်တယ်ဆိုပြီး ငြင်းဆိုဖော်ပြမှုများရှိနေကာ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဇာနည်အောင်က သင်တန်းတက်နေတာဖြစ်တယ်ဆိုပြီး ရေးသားထားပါတယ်။

ထိုခမရ ၄၃၀ တပ်ရင်းတစ်ခုလုံးသည် အသုတ်လိုက် အလင်းဝင်လာခြင်းဖြစ်ပြီး ပထမအသုတ်အဖြစ် တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူး ဦးဆောင်အဖွဲ့က စခန်းပြင်ပနဲ့ ဒုတိယအသုတ်အဖြစ် စခန်းမှာကျန်ရှိတဲ့ အင်အားများက လက်နက်ချ အလင်းဝင်လာခြင်းဖြစ်ကာ လက်နက် ၁၀၀ကျော်နဲ့ အမြောက်များ ရရှိခဲ့တယ်လို့ သိရပါတယ်။

လက်နက်ချ အလင်းဝင်လာသူများအားလုံးရဲ့ လုံခြုံရေးနဲ့ စားဝတ်နေရေးအတွက် သက်ဆိုင်ရာက စီစဉ်နေပြီး ထုတ်ပြန်သွားမယ်လို့လည်း တော်လှန်ရေးအင်အားစုအဖွဲ့က ပြောဆိုထားတာဖြစ်ပါတယ်။

#Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖားဆောင်းမြိုတိုက်ပွဲထဲ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 23 Views
ဇူလိုင်လ (၃)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်ခန့်က ဖားဆောင်းမြိုတိုက်ပွဲထဲ ဗုံးကြဲဖိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ(JCS)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ထိုင်းရောက်မြန်မာတွေ ထိုင်းနိုင်ငံအရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 18 Views
ဇူလိုင်လ (၃)ရက်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံ‌အရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က တိုက်တွန်းနှိးဆော်ထားတယ်လို သိရပါတယ်။ ထိုင်းနိုင်ငံရဲ့
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ဆရာ/မတွေကို ကျူရှင်မသင်ဖို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲ စာထုတ်တားမြစ်ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 15 Views
မလိုက်နာရင် ကျူရှင်သင်ကြားသူအပါအဝင် သင်ကြားနေတဲ့ ကလေးတွေကို ပညာရေးယန္တရားကနေ ထုတ်ပယ်သွားမယ်လိုဆို ဇူလိုင်လ (၃)ရက်။ ဂန့်ဂေါမြိုနယ်မှာ ကျူရှင်မသင်ဖို ဆရာ/မတွေကို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲက ဝန်ခံကတိပြု လက်မှတ်ရေးထိုးခိုင်းထားတယ်လို ဒေသထဲသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး
မြန်မာသတင်း

တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျောက်ဆုံးနေတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 13 Views
ဇူလိုက်လ (၃)ရက်။ ဇူလိုင်လ (၁)ရက်နေ့ ညပိုင်းအချိန်က လေ့ကျင့်ပျံသန်းခဲ့တဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျောက်ဆုံးနေတယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်(လေ)က တိုက်ခိုက်ရေးလေယာဉ်တစ်စီးဟာ ခရီးဝေးလေ့ကျင့်ပျံသန်းချိန် နေပြည်တော်ရဲ့ အရှေ့တောင်ဘက် (၁၃၀)ကီလိုမီတာအကွာမှာ ရုတ်တရက် ရေဒါမြင်ကွင်းကနေ
မြန်မာသတင်း

မြန်မာနိုင်ငံစီးပွားရေး ကျဆင်းမယ်လို ကမ္ဘာ့ဘဏ်က တွက်ချက်တဲ့စာရင်းတွေဟာ အချက်အလက်မမှန်ဘူးဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 14 Views
ဇူလိုင်လ (၃)ရက်။ မြန်မာနိုင်ငံရဲ့စီးပွားရေး ကျဆင်းနိုင်တယ်လို ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်တဲ့စာရင်းတွေဟာ အချက်အလက် မမှန်တာနဲ့ မပြည့်စုံတာတွေကို တွေ့ရတယ်လို စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ ကမ္ဘာ့ဘဏ်က နိုင်ငံရဲ့စီးပွားရေးကို အရင်က
မြန်မာသတင်း

တော်လှန်ရေးကာလထဲ ရဲဘော် (၇၃)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 32 Views
ဇူလိုင်လ (၂၂)ရက်။ (၄)နှစ်တာ တော်လှန်ရေးကာလထဲ ရဲဘော် (၇၃)ဦးကျဆုံးခဲ့တယ်လို့ Chinland Defense Force-Kalay Kabaw Gangaw(CDF-KKG)ရဲ့ မနေ့က ဖွဲ့စည်းတည်ထောင်တဲ့ (၄)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ CDF-KKG အနေနဲ့ တော်လှန်ရေးသက်တမ်း (၄)နှစ်တာကာလထဲ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တဲ့ နိုင်/ကျဉ်းတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 28 Views
ဇူလိုင်လ (၂)ရက်။ ဇွန်လ (၁၉)ရက်နေ့က မြင်းခြံထောင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသား‌တွေက ကဗျာရွတ်ဖတ်ခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တာကြောင့်ဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေကို
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားသူကို ကယ်ထုတ်သွားတဲ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 19 Views
ဇူလိုင်လ (၂)ရက်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရတဲ့အမျိုးသမီးကို စစ်ကောင်စီရဲတွေဆီကနေ ကယ်ထုတ်သွားသူတွေကို ပြန်ဖမ်းမိတယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့က နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားတဲ့ မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်သွားတဲ့သူတွေကို သန်လျင်မြို့ ဘောသပြေကန်ရွာအနီးမှာ လက်နက်တွေနဲ့အတူ