နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

PDFတွေ ရိက္ခာဖူလုံရေး စပါးနဲ့ စားသုံးသီးနှံတွေ စိုက်ပျိုး

ABSDF Column – 3 စစ်ကြောင်းရဲ့ အမှတ် ၁၂ တပ်ရင်းနဲ့ ချင်းတွင်းဒေသတပ်ရင်းအခြေစိုက်နယ်မြေတွေမှာ တပ်တွင်းရိက္ခာအတွက် စပါး၊ နှမ်းနဲ့ ပဲမျိုးစုံကို စိုက်ပျိုးထားတယ်လို့ ABSDF Column – 3 ကပြောပါတယ်။

စစ်ကိုင်းတိုင်းထဲက ချင်းတွင်းဒေသနဲ့ မကွေးတိုင်းက ယောဒေသတို့မှာ စပါး ၃ ဧကနဲ့ ပဲ၊ နှမ်း ၇ ဧကကျော်အပါ စုစုပေါင်း ၁၀ ဧကကျော် စိုက်ပျိုးခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာပြည်သူလူထုအနေနဲ့လည်း ကုန်ဈေးနှုန်းတွေကြီးမြင့်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့နိုင်မှုလျော့နည်းလာတယ်လို့ ဆိုပါတယ်။

စိုက်ပျိုုးရေးလုပ်ငန်းက ထွက်ပေါ်လာတဲ့ရိက္ခာတွေကနေ အခြားလိုအပ်တဲ့စစ်ရေးလုပ်ငန်းနဲ့ စစ်ပစ္စည်းဝယ်ယူရာမှာလည်း အသုံးပြုနိုင်ရေးရည်ရွယ်တယ်လို့ ဆိုပါတယ်။

အခုနှစ် ဖေဖေါ်ဝါရီလက ABSDF Column – 3 အမှတ် ၁၂ တပ်ရင်းက ယောဒေသမှာစိုက်ပျိုးထားတဲ့မြေပဲ ၂ ဧကကို မေလတတိယပတ်မှာ နုတ်သိမ်းခဲ့ရာမြေပဲတင်း ၁၀၀ ရရှိပြီး တပ်တွင်းစားသုံးဆီအဖြစ်အသုံးပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။ Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နိုင်ငံတဝန်း စစ်တပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ပြည်သူ (၃၀၀၀)ကျော် သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 27 Views
အောက်တိုဘာလ (၁)ရက်။ စစ်တပ်အာဏာသိမ်းချိန်ကစပြီး အခုနှစ် စက်တင်ဘာလ (၃၀)ရက်နေ့အထိ နိုင်ငံတဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာကြောင့် ပြည်သူ (၃၀၂၃)ဦး သေဆုံးခဲ့တယ်လို့
မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပရှိ စစ်တပ်လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 33 Views
အောက်တိုဘာလ (၁)ရက်။ မနေ့က ည (၁၀)နာရီ (၅၀)မိနစ်အချိန် မြောက်ဥက္ကလာပမြို့ရှိ စစ်တပ်လက်အောက်ခံ (၂၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army
မြန်မာသတင်း

စစ်ကောင်စီက ပြောင်းလဲဖွဲ့စည်းတဲ့ စစ်ကော်မရှင်ကို အကြမ်းဖက်အုပ်စုလို့ NUG ထပ်မံကြေညာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 31 Views
အောက်တိုဘာလ (၁)ရက်။ စစ်ကောင်စီက ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ စစ်ကော်မရှင်ကို အကြမ်းဖက်အုပ်စုလို့ NUG ရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က မနေ့က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော်လုံခြံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဟာ အကြမ်းဖက်အုပ်စုအနေနဲ့ ကြေညာခံထားရတဲ့ စစ်ကောင်စီကို ဆက်ခံတဲ့ အဖွဲ့ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မောင်တောမှာ ARSA က သတ်ဖြတ်ထားတဲ့ ရွာသား(၆)ဦးရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 27 Views
အောက်တိုဘာလ (၁)ရက်။ ‌စက်တင်ဘာလ (၂၈)ရက်နေ့ နေ့လယ် (၃)နာရီအချိန်ခန့်က မောင်တောမြို့ အထက်အင်းချောင်းရွာရဲ့ အနောက်မြောက်ဘက်ရှိ ငှက်ပျောတောအုပ်ထဲမှာ ရုပ်အလောင်း (၆)လောင်းကို တွေ့ရှိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငှက်ပျောတောအုပ်ထဲ ရုပ်အလောင်းတွေကို
မြန်မာသတင်း

ရွေးကောက်ပွဲနီးချိန် ဝန်ထမ်းတွေနဲ့ အငြိမ်းစားတွေကို စစ်ကော်မရှင် အပိုထောက်ပံ့ကြေး တိုးမြှင့်ပေး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 20 Views
အောက်တိုဘာလ (၁)ရက်။ အရပ်ဘက်၊ စစ်ဘက် ဝန်ထမ်းတွေနဲ့ အငြိမ်းစားဝန်ထမ်းတွေအပါအဝင် နေ့စားဝန်ထမ်းတွေကို အခုလကစပြီး အပိုထောက်ပံ့ကြေးတွေ တိုးမြှင့်ပေးခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဟာ အရပ်ဘက်နဲ့ စစ်ဘက် ဝန်ထမ်းတွေအပါအဝင် အငြိမ်းစားဝန်ထမ်းတွေကို အပိုထောက်ပံ့ကြေးအနေနဲ့
မြန်မာသတင်း

ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 54 Views
စက်တင်ဘာလ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး ကျောက်မဲမြို့ထဲကို စစ်တပ်က ဒရုန်းနဲ့ မီးလောင်ဗုံးတွေ ကြဲချတိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ကျောက်မဲမြို့ထဲကို စကစက ဒရုန်းနဲ့ မီးလောင်ဗုံးတွေ အသုံးပြုပြီး ကြဲချ‌တိုက်ခိုက်နေတာ၊ အဆောက်အဦအချို့ မီးလောင်ပျက်စီးတာတွေရှိတယ်။
မြန်မာသတင်း

အင်တာနက်ချို့ယွင်းတာကြောင့်ဆိုပြီး ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်း ရွေး/ကော် ထပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 50 Views
စက်တင်ဘာလ (၃၀)ရက်။ အင်တာနက်လိုင်း ချို့ယွင်းတာတွေကြောင့်ဆိုပြီး ကျန်ခဲ့တဲ့ ကိုယ်စားလှယ်လောင်း (၆၀)ဦးစာရင်းကို စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မနေ့က ထပ်မံထုတ်ပြန်ထားတယ်လို သိရပါတယ်။ ရွေး/ကော်ဟာ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတင်သွင်းတာတွေကို အခုလ (၈)ရက်နေ့မှာ စတင်လက်ခံခဲ့ပြီး နောက်ဆုံးသတ်မှတ်ရက်ဖြစ်တဲ့ (၂၂)ရက်နေ့အထိ