နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

NUG ဝန်ကြီး ဒေါ်ဇင်မာအောင် ယူကေနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ကုလကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဟာ ယူကေနိုင်ငံနဲ့ ကနေဒါနိုင်ငံတို့ရဲ့ ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


စက်တင်ဘာလ (၂၅)ရက်နေ့က ယူကေနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ် Barbara Woodward နဲ့ ကနေဒါနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ် Bob Rae တို့ကို NUG ဝန်ကြီး ဒေါ်ဇင်မာအောင်က သီးခြားစီတွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။


ယူကေနိုင်ငံက ကုလကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့ရာမှာ ကုလလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်အမှတ် (၂၆၆၉)ကို ချမှတ်ရာမှာ ယူကေနိုင်ငံရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို အထူးအသိအမှတ်ပြုကျေးဇူးတင်ကြောင်း ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် စစ်အုပ်စုကို လက်နက်တင်သွင်းတာ၊ လေယာဉ်ဆီ တင်သွင်းတာတွေကို ဥပဒေကြောင်းအရ ပိတ်ဆို့အရေးယူနိုင်ဖို့ကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ဆိုထားပါတယ်။

အလားတူ ကနေဒါနိုင်ငံဆိုင်ရာ ကုလအမြဲတမ်းကိုယ်စားလှယ်နဲ့ တွေ့ဆုံခဲ့ရာမှာလည်း စစ်အုပ်စုအပေါ် ပိုမိုဖိအားပေး အရေးယူနိုင်ရေးကိစ္စရပ်တွေကို ဆက်လက်ဆွေးနွေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲ ပျက်ပြားအောင်လုပ်တယ်ဆိုပြီး အမျိုးသားတစ်ဦးကို စစ်တပ်က ဖမ်းဆီးထောင်ချ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 0 Views
စက်တင်ဘာလ (၁၀)ရက်။ တောင်ကြီးမြို့က အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲပျက်ပြားအောင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လှုံ့ဆော်ဝါဒဖြန့်တယ်ဆိုပြီး စစ်တပ်က ဖမ်းဆီးထောင်ချခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဘုံနိုင်ငံရေးသဘောတူညီချက်အတွက် လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်ဖို့ NUCC နဲ့ NUG တွေ့ဆုံ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 3 Views
စက်တင်ဘာလ (၁၀)ရက်။ မနေ့က ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိအောင် လုပ်ငန်းစဉ် နောက်ဆုံးအဆင့် ဆောင်ရွက်နိုင်ဖို့ NUCC နဲ့ NUG တို့ တွေ့ဆုံခဲ့ကြတယ်လို့
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်နိုင်ငံမှမြန်မာနိုင်ငံရှိ စောချစ်သူဦးဆောင်သည့် ကရင်အမျိုးသား တပ်မတော် (KNA)ကိုအ‌ရေးယူလိုက်ပြီ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 6 Views
အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုစင်တာများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း။ သတင်းထုတ်ပြန်ချက် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ရက် အရှေ့တောင်အာရှရှိ ရာဇဝတ်မှုကျူးလွန်သူများသည် အမေရိကန်နိုင်ငံသားများ၏ အင်တာနက် အသုံးပြုမှုအားနည်းချက်များကို အခွင့်ကောင်းယူကာ အလွဲသုံးစားလုပ်မှု ပိုများ လာသည်။
မြန်မာသတင်း

NDF အပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို စစ်ကော်မရှင်ဖျက်သိမ်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 55 Views
စက်တင်ဘာလ (၉)ရက်။ အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီအပါအဝင် နိုင်ငံရေးပါတီ (၄)ခုကို ဖျက်သိမ်းလိုက်တယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခံရတဲ့ ပါတီတွေဟာ NDF အပြင် အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ဖြစ်တယ်လို့
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို မယုံကြည်ကြဖို့ နိုင်ငံအချို့ကို NUG သတိပေး

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 46 Views
စက်တင်ဘာလ (၉)ရက်။ စစ်အုပ်စုရဲ့ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံအချို့အနေနဲ့ မယုံကြည်ကြဖို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြုလုပ်တဲ့ Press Briefing အစီအစဉ်မှာ သတိပေးပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံရဲ့ အခြေအနေမှန်တွေနဲ့
မြန်မာသတင်း

ခုခံ‌တွန်းလှန်စစ် (၄)နှစ်တာထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးကို ပစ်ချနိုင်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 58 Views
စက်တင်ဘာလ (၉)ရက်။ ပြည်သူ့ခုခံတွန်းလှန်စစ် (၄)နှစ်တာကာလထဲ စစ်အုပ်စုရဲ့ လေယာဉ် (၁၂)စီးအထိ ပစ်ချနိုင်ခဲ့တယ်လို့ MOD က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ ခုခံတွန်းလှန်စစ်ကာလထဲ တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တာမှာ စစ်အုပ်စုရဲ့ စစ်လေယာဉ် (၅)စီးနဲ့
မြန်မာသတင်း

ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေ တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံထဲ မြန်မာပါဝင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 54 Views
စက်တင်ဘာလ (၉)ရက်။ အခုနှစ်ထဲ ကျောင်းသူ၊ကျောင်းသားနဲ့ ဆရာ၊ဆရာမတွေအပေါ် တိုက်ခိုက်တာကြောင့် ထိခိုက်မှုအများဆုံးနိုင်ငံ (၄)နိုင်ငံစာရင်းထဲ မြန်မာပါဝင်တယ်လို့ ယူကေသံရုံးရံ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလိုချိုးဖောက်ကျူးလွန်တာတွေက ပညာလေ့လာသင်ယူတာတွေကို နှောင့်နှေးပြတ်တောက်စေရုံသာမက မိသားစုတွေကိုပါ စိတ်ဒဏ်ရာတွေရစေပြီး မြန်မာလူငယ်တွေရဲ့ အနာဂတ်တွေကို
မြန်မာသတင်း

CRPH နဲ့ NUG တို့ကြောင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေရတာဆိုပြီး စစ်ကော်မရှင်စွပ်စွဲ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 49 Views
စက်တင်ဘာလ (၉)ရက်။ CRPH နဲ့ NUG တို့ရဲ့ နှောင့်ယှက်တာတွေကြောင့် ဒီမိုကရေစီခရီးလမ်း နှောင့်နှေးကြန့်ကြာနေရတာဆိုပြီး စစ်ကော်မရှင်က ဒီကနေ့ထုတ် ဝါဒဖြန့်သတင်းစာကနေ စွပ်စွဲပြောဆိုထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာ CRPH နဲ့ NUG တို့ဟာ