နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မူဆယ်မြို့မှာ TNLA တပ်စခန်း ဗုံးကြဲတိုက်ခိုက်ခံရပြီး အဆောက်အဦးအချို့ပျက်စီးခဲ့

မူဆယ်မြို့ရှိ တအာင်းတပ်မတော်(TNLA)ရဲ့ တပ်စခန်းတစ်ခု ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒီကနေ့ စက်တင်ဘာလ (၂၆)ရက်မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


စက်တင်ဘာလ (၂၅)ရက်နေ့ ည (၁၀)နာရီကျော်အချိန်က တအာင်းတပ်ရဲ့ တပ်စခန်းဖြစ်တဲ့ လွယ်မောက်တပ်စခန်းကို စစ်ကောင်စီက ဂျက်ဖိုက်တာ(၃)စီးနဲ့ ပေါင် (၅၀၀)ဗုံးသီးအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ တအာင်းတပ်ရှိရာနဲ့ မန်ကန်ရွာ၊ နမ့်ငူးရွာအနီးကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ(၂)စီးနဲ့ ဗုံး(၄)လုံး လာရောက်ကြဲချခဲ့ပြီးနောက် တပ်မဟာ(၁)စခန်းဖြစ်တဲ့ လွယ်မောက်တပ်စခန်းကို ထပ်မံလာရောက်ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပေါင် (၅၀၀) ဗုံးသီး (၂) လုံးနဲ့ လာရောက်ပစ်ခတ်တာကြောင့် TNLA တပ်စခန်းရဲ့ အ‌ဆောက်အဦးအချို့ ပျက်စီးခဲ့ပေမယ့် ထိခိုက်သေဆုံးတာ မရှိခဲ့ဘူးလို့ ရေးသားထားပါတယ်။

မူဆယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား စက်တင်ဘာလ (၂၃) ရက်နေ့ကစပြီး ဒီကနေ့အထိ (၃) ရက်ကြာ တိုက်ပွဲဖြစ်ပွားတာမရှိတော့ဘဲ အခုလို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ TNLA က ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ TNLA တို့အကြား ဇူလိုင်လ (၂၃) ရက်ကစပြီး ဒီကနေ့အထိ မူဆယ်၊ ကွတ်ခိုင်နဲ့ မိုးကုတ်မြို့တွေမှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ NUG ကို ကိုရီယားရောက်မြန်မာတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 8 Views
ဒီဇင်ဘာလ (၁၅)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ဘူဖျောင်းခန်းမမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုရီးယားရောက်မြန်မာတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့
မြန်မာသတင်း

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အကြီးအကျယ် တိုးချဲ့မှုအဖြစ် အစ္စရေးလ်က အခြေချနေထိုင်မှု စခန်းငယ် ၁၉ ခုကို အတည်ပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 6 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဂျေရုဆလင် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) တွင် အစ္စရေးလ်
မြန်မာသတင်း

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦးမိုးဇော်ဦးကို NUG ပြန်လည်ခန့်အပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 22 Views
ဒီဇင်ဘာလ (၁၅)ရက်။ NUG က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦး‌မိုးဇော်ဦးကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို ခန့်အပ်တာဝန်ပေးတာဟာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမိုးဇော်ဦးဟာ NUG
မြန်မာသတင်း

အပြင်းထန်ဆုံး စစ်ရာဇဝတ်မှုအနေနဲ့ မြောက်ဦးဆေးရုံကို ဗုံးကြဲခဲ့တဲ့ စစ်ခေါင်းဆောင်က ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီးပြောပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 19 Views
ဒီဇင်ဘာလ (၁၅)ရက်။ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာထဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ မတည်ရန်ပုံငွေကနေ ထောက်ပံ့ငွေကျပ်
မြန်မာသတင်း

အွန်လိုင်းလိမ်လည်မှုကို လူအများစုအပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုဆိုပြီး စစ်ကော်မရှင် သတ်မှတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 19 Views
ဒီဇင်ဘာလ (၁၅)ရက်။ အွန်လိုင်းလိမ်လည်မှုကို လူအများစုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဆိုပြီး သတ်မှတ်ထားတယ်လို့ စစ်ကော်မရှင်ရဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ရန်ကုန်ရှိ MRTV မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒီအွန်လိုင်းလိမ်လည်မှုက နိုင်ငံလုံခြုံရေးကို
မြန်မာသတင်း

”မြောက်ဦးမှာဗုံးတွေကြဲ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 32 Views
NUG ကဘုံးနေဆဲ ငြိမ်းချမ်းရေးကဘယ်မှာလဲ?” ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ကြည့်ခြင်းဟာအခုဆိုရင် (၂၅)ခုမြောက်ရှိလာပါပြီ၊ ဒီအပတ်မှာတော့ စစ်အုပ်စုရဲ့လူမဆန်တဲ့ မြောက်ဦးဆေးရုံကြီးကို ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီးပြောကြားမှာဖြစ်သလို NUG ရဲ့ အစိုးရပြုပြင် ပြောင်းလဲရေး ဟန်ပြလုပ်ရပ်မှာ စာရင်းစစ်ချုပ် ယခုထက်ထိ မခန့်အပ်နိုင်သေးတာဟာ ဆက်ပြီးတော်လှန်ရေးရန်ပုံငွေတွေကိုအလွဲသုံးစားလုပ်နိုင်ဖို့လားဆိုသလိုဖြစ်နေပြီး စစ်အနိုင်
မြန်မာသတင်း

မြောက်ဦးဆေးရုံကို စစ်စခန်းအနေနဲ့ အသုံးပြုတာကြောင့် တိုက်ခိုက်တာဆိုပြီး စစ်တပ် လိမ်လည်သတင်းထုတ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 39 Views
ဒီဇင်ဘာလ (၁၃)ရက်။ မြောက်ဦးပြည်သူ့ဆေးရုံကို AA နဲ့ PDF တွေက စစ်စခန်းအနေနဲ့ အသုံးပြုနေတာကြောင့် တိုက်ခိုက်ခဲ့တာဆိုပြီး စစ်တပ်က ဒီကနေ့ထုတ်သတင်းစာကနေ လိမ်လည်ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲ မြောက်ဦးဒေသကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ခဲ့တာကြောင့် အဲ့ဒီဆေးရုံဟာ
မြန်မာသတင်း

ရေဖြူမြို့ပေါ်ရှိ စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို PDF စီးနင်းတိုက်ခိုက်ပြီး မီးရှို့ရှင်းလင်းခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 13 ရက်
  • 31 Views
ဒီဇင်ဘာလ (၁၃)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က ရေဖြုမြို့ပေါ်ရှိ ရဲစခန်းနဲ့ ထွေ/အုပ်ရုံးအပါအဝင် စစ်တပ်ရဲ့ ဌာနဆိုင်ရာရုံးတွေကို ကာကွယ်ရေးတပ်တွေက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ “ မြို့ပေါ်က ရဲစခန်း၊ ထွေ/အုပ်နဲ့ လဝကရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေကို PDF