နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

မြန်မာစစ်ဘေးသင့်ပြည်သူတွေအတွက် ဩစတြေးလျရှိ မြန်မာဆရာဝန်တွေက ဩစတြေးလျဒေါ်လာ ၈၀၀၀၀ ကျော် လှူဒါန်း

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ ခေတ်မျက်လုံး။

မြန်မာနိုင်ငံက စစ်ဘေးသင့်ပြည်သူတွေအတွက် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့ရှိ မြန်မာဆရာဝန်များက ဩစတြေးလျဒေါ်လာ ၈၀၀၀၀ ကျော် လှူဒါန်းခဲ့တယ်လို့ NUG ရဲ့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

အောက်တိုဘာလ (၁၄) ရက်နေ့က NUG ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးနဲ့ ဩစတြေးလျနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးထွန်းအောင်ရွှေတို့ဟာ ဆစ်ဒနီမြို့က မြန်မာဆရာဝန်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုတွေ့ဆုံခဲ့ရာမှာ ဆစ်ဒနီမြို့က မြန်မာဆရာဝန်တွေက စစ်ဘေးသင့်ပြည်သူတွေအတွက် ကျန်းမာရေးနဲ့ ပညာရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လှူဒါန်းခဲ့ကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် အောက်တိုဘာလ (၂)ရက်နေ့ကလည်း NUG ဝန်ကြီး ပါမောက္ခ ဒေါက်တာဇော်ဝေစိုးဟာ ဩစတြေးလျနိုင်ငံ၊ မယ်လ်ဘုန်းမြို့မှာ မြန်မာဆရာဝန်တွေ၊ မြန်မာကျန်းမာရေးမိသားစုဝင်တွေနဲ့ တွေ့ဆုံခဲ့သေးတယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပခုက္ကူမှာ KTV သွားဖို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တော်လှန်ရေးတပ်ပေါင်းစု ဖမ်းမိ

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 2 Views
မေလ (၂၃)ရက်။ မေလ (၁၈)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ပခုက္ကူမြို့ ဘုန်းကံရွာ စစ်ဆေးရေးဂိတ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းမိခဲ့တယ်လို့ Southern
မြန်မာသတင်း

ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲဖို့ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော် ပြဋ္ဌာန်း

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 3 Views
မေလ (၂၃)ရက်။ ရန်ကုန်ဖက်ဒရယ်ယူနစ်ရဲ့ ကြားကာလအစီအမံ(မူကြမ်း)ရေးဆွဲဖို့ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်ရဲ့ ဒီကနေ့အစည်းအဝေးမှာ ပြဋ္ဌာန်းလိုက်တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကော်မရှင်ဆိုင်ရာဥပဒေကို ရန်ကုန်လွှတ်တော်ကို
မြန်မာသတင်း

ရန်ကုန်မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို မနက်ဖြန်သင်္ဂြိုလ်မယ်လို့ဆို

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 12 Views
မေလ (၂၃)ရက်။ ရန်ကုန် မရမ်းကုန်းမြို့ရှိ နေအိမ်ရှေ့မှာ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ကို မေလ (၂၄)ရက်နေ့မှာ သင်္ဂြိုလ်သွားမယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ‌ဖော်ပြထားချက်အရ သိရပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင်ဟာ မနေ့က နံနက်ပိုင်းအချိန် မရမ်းကုန်းမြို့ရှိ
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်းတာလို့ TNLA ပြော

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 15 Views
မေလ (၂၃)ရက်။ နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်တာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့နယ် အုမ္မတီး၊ အုမ္မခါး စတဲ့ ကျေးရွာတွေဟာ အခုအခါ စစ်ကောင်စီတပ်နဲ့ TNLA
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ကျေးရွာနေပြည်သူတွေ ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 13 Views
မေလ (၂၃)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းကစတင်ပြီး ကန့်ဘလူမြို့မှာ စစ်ကောင်စီတပ်က စစ်ကြောင်း (၃)ကြောင်းနဲ့ စစ်ကြောင်းထိုးတာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ အဲ့ဒီစစ်ကြောင်းတွေက ဇီးကုန်းတိုက်နယ်မှာ စစ်ကြောင်းတစ်ကြောင်း၊ ချပ်သင်းအထိုင်ကထွက်လာတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့ ကိုးထောင်ဘို့အထိုင်ကနေ
မြန်မာသတင်း

ချောင်းဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရပြီး ဗိုလ်တစ်ဦးအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 23 Views
မေလ (၂၂)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန် ချောင်းဦးမြို့ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဒရုန်းတွေနဲ့ ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Peacock Drone Team-Myaung ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ချောင်းဦးမြို့မှာ စစ်ကြောင်းထိုးနေတဲ့ စကစတပ်ဖွဲ့ကို အင်အားဖြည့်ဖို့လာတဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့ပေးထားတဲ့ ဗိုလ်ချုပ်ချိုထွန်းအောင် ရန်ကုန်မှာ ပစ်ခတ်ခံရပြီး သေဆုံး

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 17 Views
မေလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က ရန်ကုန် မရမ်းကုန်းမြို့ အေဝမ်းလမ်းပေါ်မှာ ဗိုလ်ချုပ်ချိုထွန်းအောင် သေနတ်နဲ့ပသ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ Golden Valley Warriors ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ နံနက်ပိုင်း မရမ်းကုန်းမြို့
မြန်မာသတင်း

ပကဖရဲဘော်တွေ သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးဖို့ အိန္ဒိယအစိုးရကို NUG တောင်းဆို

  • 2025 ခုနှစ်၊ မေလ 22 ရက်
  • 19 Views
မေလ (၂၂)ရက်။ နှစ်နိုင်ငံနယ်စပ် မြန်မာပြည်ဘက်ခြမ်း တမူးမြို့အနီး ခရိုင်ပကဖရဲဘော်တွေ ရက်စက်စွာ သတ်ဖြတ်ခံရတဲ့အပေါ် အမှုမှန်ပေါ်အောင် ဆောင်ရွက်ပေးဖို့ အိန္ဒိယအစိုးရကို NUG က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ခရိုင်ပကဖရဲဘော် (၁၀)ဦးဟာ မေလ (၁၄)ရက်နေ့ကစပြီး