နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

မူပန်ဒေသမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် ဒေသခံတစ်ဦးသေဆုံးကာ (၂) ဦးဒဏ်ရာရရှိခဲ့

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ ခေတ်မျက်လုံး။

မူပန်ဒေသ၊ မိုင်းယန်အုပ်စုရှိ ဟောနမ်ရွာကို အောက်တိုဘာလ (၂၅) ရက်နေ့ ည (၁၁) နာရီ (၃၅) မိနစ်အချိန်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး (၃) လုံး ပစ်ခတ်ခဲ့တယ်လို့ ကိုးကန့်တပ် (MNDAA) ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်ခဲ့တာကြောင့် အသက် (၅၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကာ အသက်(၈၀)အရွယ်နဲ့ (၄၈)နှစ်အရွယ်ရှိ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိခိုက်သေဆုံးသူ (၃)ဦးမှာ ဒေသခံရှမ်းတိုင်းရင်းသားတွေဖြစ်ပြီး ကိုးကန့်တပ်(MNDAA)က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ခေါ်ဆောင်ပြီး ဟောနမ်ရွာသို့ သွားရောက်ကာ ဒဏ်ရာရလူနာတွေကို ကုသကယ်ဆယ်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် အောက်တိုဘာလ (၂၅)ရက်နေ့ နေ့လယ် (၁)နာရီ (၅)မိနစ်အချိန်မှာ စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ချင်းရွှေဟော်ဒေသ တာကြာမိန်နေရာအနီးကို လက်နက်ကြီးကျည်(၃)လုံးနဲ့ ဗုံးကြဲခဲ့သလို RPG လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ MNDAA က ပြောပါတယ်။

နေ့လယ် (၁)နာရီ (၁၆)မိနစ်အချိန်က နှစ်ဖက်ဖြစ်ပွားခဲ့တဲ့ မန်တုံပတိုက်ပွဲမှာ ကိုးကန့်တပ်(MNDAA)ဘက်က တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်ဘက်က ထိခိုက်ကျဆုံးစာရင်းကိုတော့ မသိရသေးဘူးလို့ ဖော်ပြထားပါတယ်။

အောက်တိုဘာလ (၂၁) ရက်နေ့ကလည်း ကိုးကန့်ခရိုင် ရှင်ဝမ်ဒေသမှာ ကိုးကန့်တပ်(MNDAA)နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သေးကာ စစ်ကောင်စီတပ်ဘက်က (၈) ဦးဒဏ်ရာရပြီး သေဆုံးမှုများရှိခဲ့ကာ စိတ်ကြွဆေးပြားတွေနဲ့အတူ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်တဲ့ လုပ်ရပ်ကို NUG အပြင်းအထန်ရှုံ့ချ

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 5 Views
(၂)နှစ်တာထဲ လေကြောင်းတိုက်ခိုက်တာတွေကြောင့် ကလေးငယ် (၃၇၀)ကျော်သေဆုံးခဲ့ မတ်လ (၁၇)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ဈေးနဲ့ သာသနိက အဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းတိုက်ခိုက်တဲ့
မြန်မာသတင်း

ရေစကြိုမြို့ မြေတော်ရွာကို စစ်ကောင်စီတပ်က (၂)ရက်ဆက်တိုက် မီးရှို့ဖျက်ဆီး၊ ကျေးရွာထဲ ခေါင်းဖြတ်မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေ့ရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 21 Views
မတ်လ (၁၇)ရက်။ မတ်လ (၁၄)ရင်နေ့နဲ့ (၁၅)ရက်တို့မှာ ရေစကြိုမြို့နယ်ရှိ မြေတော်ရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တယ်လို့ Yesagyo Township
မြန်မာသတင်း

ရွှေပလ္လင်ဆိုင်မှာ အသုံးပြုနေတဲ့ စေတီပုံပါ တခါသုံးခွက်တွေကို စစ်ကောင်စီလိုက်သိမ်း

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 14 Views
မတ်လ (၁၇)ရက်။ ရန်ကုန်-မန္တလေးအမြန်လမ်း (၃၉)မိုင်ရှိ ရွှေပလ္လင်ဆိုင်မှာ အသုံးပြုနေတဲ့ စေတီပုံပါ တခါသုံးခွက်တွေကို စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေက လိုက်လံသိမ်းဆည်းခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ညပိုင်း စကစထွေ/အုပ်ပါတဲ့ အဖွဲ့တွေက (၃၉)မိုင်က ရွှေပလ္လင်ဆိုင်ကို
မြန်မာသတင်း

ရွေးကောက်ပွဲ မဖြစ်မနေ ကျင်းပမယ်လို့ စစ်ခေါင်းဆောင် ထပ်ပြော

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 11 Views
မတ်လ (၁၇)ရက်။ ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပသွားမယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ ဂုဏ်ထူးဆောင်ဘွဲ့တွေ ချီးမြှင့်တဲ့အခမ်းအနားမှာ ထပ်မံပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အားလုံးသိတဲ့အတိုင်း အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်တာတွေကို စီစဉ်နေပါပြီ။ ရွေးကောက်ပွဲကို
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီလေကြောင်းကြောင့် (၉)ဦးသေဆုံးပြီး (၁၇)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 15 Views
မတ်လ (၁၇)ရက်။ မနေ့က ညနေ (၅)နာရီခွဲအချိန် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ (၉)ဦးသေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက
မြန်မာသတင်း

စစ်ဆင်ရေးအရှိန်မြင့်လာတာကြောင့် ပဲခူးရိုးမထဲ သွားလာခွင့်တားမြစ်

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 17 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ကစပြီး စစ်ရေးအရှိန် မြင့်တက်လာတာကြောင့် ပဲခူးရိုးမထဲ သွားလာတာတွေကို တားမြစ်တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပဲခူးရိုးမထဲရှိ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေထဲ စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတာတွေရှိပြီး စစ်ဆင်ရေးအရှိန် မြင့်တက်လာတာကြောင့် သွားလာခွင့် တားမြစ်တာလို့
မြန်မာသတင်း အမေရိကန်

အမေရိကန်အသံ Voice of America သည် Associated Press၊ Reuters နှင့် Agence France Presse (AFP) တို့နှင့် စာချုပ်များကို အဆုံးသတ်လိုက်သည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 21 Views
The Voice of America ကို လည်ပတ်သည့် အစိုးရအေဂျင်စီသည် အေပီသတင်းဌာန၊ ရိုက်တာ၊ AFPတို့နှင့် စာချုပ်များကို ရပ်စဲလိုက်ပြီး သတင်းပေးပို့ ဝန်ဆောင်မှုများကို အသုံးပြုခြင်းအား ရပ်တန့်ရန် ၎င်း၏ သတင်းထောက်များအား သောကြာနေ့တွင် ပြောကြားခဲ့သည်။
မြန်မာသတင်း

ဖားအံမြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 27 Views
မတ်လ (၁၆)ရက်။ မတ်လ (၁၁)ရက်နေ့က ဖားအံမြို့နယ်ထဲရှိ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ ကမမောင်းတပ်စခန်းကနေ (၁၂၀)မမ လက်နက်ကြီး (၃)လုံးနဲ့