ဒီဇင်ဘာလ (၂၆)ရက်။
ဒီဇင်ဘာလ (၂၅)ရက်နေ့ နေ့လယ် (၂)နာရီခွဲအချိန်ကစပြီး သပိတ်ကျင်းမြို့မှာ စစ်ကောင်စီစစ်ကြောင်းနဲ့ PDF တပ်တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီထိတွေ့တိုက်ပွဲဟာ သပိတ်ကြီးနဲ့ ချောင်းကြီးကျားကို ဝင်ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ PDF တပ်ရင်း (၅၀၉)၊ (၅၁၀)၊ သပိတ်ကျင်း(ပကဖ)တို့ (၃)နာရီခွဲနီးပါးကြာ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီထံက လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာကို MOD က ဓါတ်ပုံနဲ့အတူ ထုတ်ပြန်ထားကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့စာရင်းကိုတော့ စိစစ်ဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် နယ်မြေလုံခြုံရေးကိစ္စတွေ ဆောင်ရွက်ပြီးစီးပါက ဆက်လက်ထုတ်ပြန်သွားမယ်လို့ ကနဦးအသိပေးထားချက်အရ သိရပါတယ်။