၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ ဘယ်သူတွေ အောင်ပွဲဆင်ကြမလဲ?
၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့ နံနက် (၉) နာရီမှ ည (၁၂) နာရီအထိ ကျင်းပမည်ဖြစ်ပြီး ဆုရရှိသူများကို ရွေးချယ်ပြီး ဆုများပေးအပ်သွားမည်ဖြစ်သည်။
လက်ရှိ အော်စကာဆန်ခါတင်စာရင်းဝင် ဇာတ်ကားများတွင် “အရာရာတိုင်းသည် တစ်ချိန်တည်းတွင် နေရာတိုင်းတွင် ရှိနေသည်” ဆိုသည့် ဇာတ်ကားသည် အကယ်ဒမီဆုပေးပွဲအတွက် လျာထားချက် (၁၁) ချက်ဖြင့် ထိပ်ဆုံးမှ ရပ်တည်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် ပြသသည့် ဇာတ်ကားများတွင် ရုပ်ရှင်ရုံများနှင့် ဘတ်ဂျက်ကြီးမားသော ရုပ်ရှင်သရုပ်ဆောင်များ ပါဝင်သည့် ဇာတ်ကားများလည်း ယခုနှစ် ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည်။ တချို့ဆန်ခါတင်စာရင်းဝင် ဇာတ်ကားအချို့သည် ရုံတင်ပြသဆဲဖြစ်သော်လည်း အများအပြားကို အွန်လိုင်းတွင် ကြည့်ရှုနိုင်သည်။
၁။ “EVERYTHING EVERYWHERE ALL AT ONCE” (“အရာရာတိုင်းသည် တစ်ချိန်တည်းတွင် နေရာတိုင်းတွင်ရှိ နေသည်”)
ထိုဇာတ်ကားသည် အကယ်ဒမီအမျိုးအစား (၁၁) ခုအတွက် ရွေးချယ်ခံထားရသည်။
A24 မှ ထုတ်လုပ်သည့် “Everything Everywhere All at Once” သည် ပြီးခဲ့သည့် နွေဦးပေါက်ရာသီက ထွက်ပေါ်လာခဲ့ပြီးကတည်းက လူကြိုက်များခဲ့သည်။ ထို ဇာတ်ကားသည် အကောင်းဆုံး ရုပ်ရှင်ဆုအတွက် ဆန်ကာတင်စာရင်းဝင်ခဲ့ပြီး မလေးရှားမင်းသမီး မီရှယ်ယို (Michelle Yeoh၊) ခီဟွေးကွမ် (Ke Huy Quan)၊ စတက်ဖနီစူး (Stephanie Hsu) နှင့် ဂျေမီလီးကားတစ် (Jamie Lee Curtis) တို့က သူတို့၏ သရုပ်ဆောင်မှုများ အတွက် စကာတင် ရွေးချယ်မှုခံရသည်။
ယို၊ ကွမ်နှင့် စူးတို့သည် တရုတ် အမေရိကန် မိသားစုတစ်ခု၏ တဦးနှင့် တဦး ဘဝအဆက်အစပ် ပြတ်တောက်သွားပြီးနောက် ၎င်းတို့၏ အသွင်မတူသော အခြား အခြေအနေတခုအဖြစ် ရပ်တည်လာမှုမှတဆင့် အချင်းချင်း ပြန်တွေ့ကြပုံကို စိတ်ကူးယဉ်ဆန်ဆန် ဇာတ်လမ်းဆင်ထားသည်။
နေ့စဉ် ဆက်လက်ဖော်ပြသွားပါမည်။ စောင့်မျှော်ဖတ်ရှုကြပါ။