နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမှာ တစ်ရက်အတွင်း ဓားပြတိုက်မှုနှစ်မှုဖြစ်ပွား

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာမှာ ဒီနေ့ မတ်လ ၂၆ ရက်နေ့ တစ်ရက်တည်းမှာ ဓါးပြတိုက် လုယက်မှု နှစ်ခုဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။


ဒီနေ့ မတ်လ၂၆ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်က ကွေ့ကြီးရပ်ကွက်က ချင်းတွင်းကုန်စုံဆိုင်ကို PDF အယောင်ဆောင်ကာ ဓားပြတိုက်ခဲ့သလို ညနေ ၃ နာရီခွဲ အချိန်ကလည်း သမီးရည်းစားစုံတွဲကို လူ ၄ ယောက်က ကားတစီးနဲ့ သေနတ်ဖောက်ပြီး ဆိုင်ကယ်လုယူခဲ့မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


ချင်းတွင်းကုန်စုံဆိုင်ဟာ မုံရွာမြို့ရဲ့ အဓိက လူစည်ကားရာ လမ်းမကြီးတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဗိုလ်ချုပ်လမ်းပေါ်မှာ ရှိပြီး ဓားပြတိုက်ရာမှာ ဆိုင်မှာရှိတဲ့ ဖုန်း ၃ လုံးနဲ့ မနက်ခင်းပိုင်း ရောင်းရငွေတွေကို ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ညနေ ၃ နာရီခွဲ အချိန် ဓားပြတိုက် လုယက်မှုမှာ မုံရွာမြို့ သမီးရည်းစားစုံတွဲကို လူ ၄ ယောက်က ကားတစ်စီးနဲ့ သေနတ်ဖောက်ပြီး ဆိုင်ကယ် လုယူခဲ့တယ်လို့ သိရပါတယ်။


မုံရွာမြို့တွင်းမှာ ၂၀၂၃ ခုနှစ် အစကနေ ဒီကနေ့အထိ သုံးလကျော်အတွင်း ဓားပြ မှုပေါင်း ၁၀ ခု ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခလယ်လွီထူခရိုင်ထဲ နေရာအနှံ့ ရေကြီးရေလျှံတာတို့ကြောင့် ဒေသခံတွေ အရေးပေါ်အကူအညီတွေလိုအပ်နေ

  • 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်
  • 4 Views
ဇူလိုင်လ (၂၇)ရက်။ ခလယ်လွီထူခရိုင်ထဲ နေရာအနှံ့ ရေကြီးရေလျှံတာတွေကြောင့် ရေဘေးသင့်ဒေသခံတွေ အရေးပေါ်အူအညီတွေ လိုအပ်နေတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

သံတွဲရှိ သူဌေးချောင်းဆည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်လာတာကြောင့် အနီးရှိရွာကပြည်သူတွေ အမြန်ဆုံးပြောင်းရွှေ့ဖို့ AA အရေးပေါ်ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်
  • 4 Views
ဇူလိုင်လ (၂၇)ရက်။ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန် တိုင်းတာချက်အရ သံတွဲမြို့ရှိ သူဌေးချောင်းဆည်ဟာ စိုးရိမ်ရေမှတ် အနီရောင်အဆင့်ကို ကျော်လွန်လာနေပြီလို့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ဆိပ်ဖြူမြို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သားပြည်သူ (၃)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်
  • 5 Views
ဇူလိုင်လ (၂၇)ရက်။ မနေ့က နံနက်(၁၀)နာရီကျော်မှာ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူ (၃)ဦးသေဆုံးပြီး (၅)ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ စစ်ကောင်စီရဲ့ လက်နက်ကြီးဟာ ဆိပ်ဖြူမြို့နယ်၊ ကူရှည်ကျေးရွာထဲရှိ အလုပ်နားနေတဲ့ အရပ်သားတွေအနီး
1027 Operations မြန်မာသတင်း

လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာချုပ်တပ်စခန်းတွေကို သိမ်းပိုက်ပြီး အလံလွှင့်ထူတဲ့ဓါတ်ပုံတွေကို MNDAA ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်
  • 4 Views
ဇူလိုင်လ (၂၇)ရက်။ လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တပ်စခန်းတွေကို သိမ်းပိုက်ခဲ့တဲ့ ကိုးကန့်တပ်(MNDAA)က အလံလွှင့်ထူထားတဲ့ ဓါတ်ပုံတွေနဲ့ မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်(MNDAA)က ဇူလိုင်လ (၂၅)ရက်နေ့မှာ သိမ်းပိုက်လိုက်ပြီးနောက်
1027 Operations မြန်မာသတင်း

ဒီနေ့မှာ ကျရောက်မယ့် ရမခ (၅၂) နှစ်မြောက် နှစ်ပတ်လည်နေ့မတိုင်မီ တရက်အလိုမှာ စစ်ကောင်စီ လားရှိုးကို လက်လွှတ်ဆုံးရှုံး

  • 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်
  • 6 Views
ဇူလိုင်လ (၂၇) ရက်။ စစ်ကောင်စီ +++++++ ဒီနေ့ ဇူလိုင်လ (၂၇) ရက်နေ့ဟာ ရှမ်းမြောက်လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ထောင်တာ (၅၂) ပြည့်မြောက်တဲ့နေ့ရက်ဖြစ်ပါတယ်။ ရမခတိုင်းစစ်ဌာနချုပ်ဟာ တရုတ်ဖြူကျူးကျော်မှုနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) တို့ကို
မြန်မာသတင်း

ချောက်မြို့မှာ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးလင်မယား ပစ်ခတ်ရှင်းလင်းခံရ

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 5 Views
ဇူလိုင်လ (၂၆)ရက်။ ဒီကနေ့ ညနေ (၄)နာရီ (၄၅)မိနစ်အချိန်က ချောက်မြို့နယ်၊ ကိုးဆူကျေးရွာရှိ စစ်ကောင်စီထောက်တိုင် အုပ်ချုပ်ရေးမှူးလင်မယားကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ အာဠာ၀က မြို့ပြပြောက်ကျားတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ပစ်ခတ်ရှင်းလင်းခံရတဲ့ လင်မယားဟာ အုပ်ချုပ်ရေးမှူး ဦးရဲရွှေနဲ့ ဇနီး
မြန်မာသတင်း

ပြည်သူတွေ လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကင်းစေဖို့ MDY-PDF က ရှင်းလင်းပြောဆိုတာတွေပြုလုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 16 Views
ဇူလိုင်လ (၂၆)ရက်။ ပြည်သူတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်တဲ့ အန္တရာယ်ကင်းရှင်းဖို့ MDY-PDF ရဲ့ ပြည်သူ့ဆက်ဆံရေးနဲ့ စည်းရုံးရေးဌာနက ရှင်းလင်းပညာပေးတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်သူတွေအနေနဲ့ ‌လက်နက်ကြီးနဲ့ လေကြောင်းအန္တရာယ်ကာကွယ်နိုင်ဖို့အတွက် နေအိမ်အနီးအနားနဲ့ ခြံ၀န်းထဲမှာ
1027 Operations မြန်မာသတင်း

လားရှိုးတိုက်ပွဲထဲ စစ်ကောင်စီရဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သား (၃၈)ဦးသေဆုံးပြီး (၄၈)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 8 Views
ဇူလိုင်လ (၂၆)ရက်။ တိုက်ပွဲတစ်လတာကာလထဲ လားရှိုးမြို့မှာ စစ်ကောင်စီရဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် အရပ်သား (၃၈)ဦးသေဆုံးပြီး (၄၈)ဦး ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီက အရပ်သားတွေရှိရာဦးတည်ပြီး လေကြောင်းနဲ့ လက်နက်ကြီးတိုက်ခိုက်တာတို့ကြောင့် အရပ်သားနေအိမ် (၉)လုံးထက်မနည်း