မကွေးတိုင်း၊ထီးလင်းမြို့နယ် က စစ်ကောင်စီ တပ်ဟာ ခြုံခိုတိုက်ခိုက်ခံရလို့ ၄ဦးသေဆုံးခဲ့တယ်လို့ Yaw Revolution Army – ထီးလင်းက ဧပြီ(၂၆)ရက်မှာ ထုတ်ပြန်ပါတယ်။
ဧပြီ ၂၀ရက်မှာ စစ်တပ်ရဲ့ အင်အား ၁၅၀ ပါ ခြေလျင်စစ်ကောင်စီ စစ်ကြောင်းဟာ ညနေပိုင်းမှာ ပုဇင်းချောင်ကျေးရွာက နေအိမ်၂၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။
![](https://eraseye.com/wp-content/uploads/2023/04/343311432_1677193679368956_1210268822940472145_n.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343221987_1182392299139638_8978470656629246159_n-1.jpg)
![](https://eraseye.com/wp-content/uploads/2023/04/343310607_924595628759873_10835721301905188_n.jpg)
ထီးလင်းမြို့နယ်မှာ အထိုင်တပ်စွဲထားတဲ့ အဲဲဒီစစ်တပ်၊ရဲနဲ့ ပျူစောထီး အင်အား ၁၅၀ ပါတဲ့ စစ်ကြောင်းဟာ ဧပြီ ၁၉ရက်နေ့ကတည်းက ကျေးရွာတွေကို စစ်ကြောင်းထိုးနေတာပါ။
Era’sEyes /(ဓါတ်ပုံ-ဂျက်ဖိုက်တာနဲ့ဗုံးသုံးလုံးပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရတဲ့ ထီးလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(အနောက်ခြမ်း)ရဲ့ရုံး)