တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်(NCA)မှာ လက်မှတ်ရေးထိုးထားတဲ့ အပစ်ရပ်အဖွဲ့ ၅ဖွဲ့နဲ့ စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီတို့ နေပြည်တော်မှာ ၃ရက်ကြာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ဖိတ်ခေါ်ချက်အရ အပစ်ရပ်အဖွဲ့ ၅ဖွဲ့ဖြစ်တဲ့ ALP၊ DKBA၊ KNU/KNLA-PC၊ LDU နဲ့ PNLO တို့က ကိုယ်စားလှယ်အဖွဲ့နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်တဲ့ စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီတို့ ဇွန်လ ၂၆ရက်နေ့ကစပြီး နေပြည်တော်မှာ တွေ့ဆုံနေတာပါ။
ထိုပထမရက်တွေ့ဆုံမှုမှာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်လိုသည့်အချက်များ၊ ယခင်ဆွေးနွေးပွဲများမှ သဘောတူထားတဲ့ အချက်များကို အကောင်အထည်ဖော်နိုင်ရေးအပြင် ငြိမ်းချမ်းရေညီလာခံ ကျင်းပရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ မျက်နှာစုံညီအစည်းအဝေးမှာ စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီနဲ့ တွေ့ဆုံဆွေးနွေးဖို့ကို သဘောတူညီခဲ့ကြတာပါ။
အလားတူ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)နဲ့ မွန်ပြည်သစ်ပါတီ(MNSP)တို့ကလည်း စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီနဲ့ သီးသန့်တွေ့ဆုံသွားဖို့ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က ထုတ်ပြန်ပြောဆိုထားပါတယ်။
Era’sEye