စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးလာနေတာကြောင့် မနေ့ည (၇) နာရီမှာ ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စေသူကျေးရွာ သစ်ကွင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်သား ၃၀၀ ခန့်က ကနီမြို့နယ်ဘက်ကို သစ်တွေခိုးထုတ်ဖို့ရာ စစ်ကြောင်းထိုးလာနေတာဖြစ်ပြီး လက်ရှိမှာ စစ်ကြောင်းဟာ ကနီနဲ့ယင်းမာပင်မြို့နယ်အစပ်ကို ရောက်ရှိနေပြီလို့ ဆိုပါတယ်။



ထွက်ပြေးနေရတဲ့ ဒေသခံတွေကတော့ နွားခြံကုန်း၊ ကျောက်ကုန်း၊ နတ်လဘို့တောင်ရွာ၊ ဒေါင်းပျံ၊ အုန်းပျံဆိပ်၊ တောင်ပေါက်စတဲ့ ကျေးရွာတွေအပါအဝင် (၉) ရွာကဒေသခံတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
Era’sEye\News