နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 1 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ရေဦးမြို့လယ်ခေါင်အပါအဝင် နေရာနှစ်ခုကို ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ကမ်းလှမ်းတဲ့စာရွက်တွေ ဒရုန်းနဲ့ ကြဲချခဲ့

စစ်ကိုင်းတိုင်း ရေဦးမြို့လယ်ခေါင်က နာရီစင်အနီးနဲ့ စစ်ကောင်စီတပ်သားတွေကို ဆေးကုပေးနေတဲ့ လမင်းဆေးရုံအနီးကို စက်တင်ဘာလ (၂၆) ရက်နေ့ ညနေ (၄) နာရီ (၂၀) မိနစ်က ဒရုန်းအသုံးပြုပြီး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ကမ်းလှမ်းတဲ့စာရွက်တွေ ကြဲချခဲ့တယ်လို့ MOD ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။


အဲ့ဒီလို ရေဦးမြို့လယ်ခေါင်က နာရီစင်အနီးနဲ့ လမင်းဆေးရုံအနီးကို PDF ရွှေဘိုခရိုင်တပ်ရင်း(၁၄)က Fix Wing Drone (မောင်းသူမဲ့လေယာဉ်ငယ်) ၃စင်းနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ကမ်းလှမ်းတဲ့စာရွက်တွေကို ကြဲချခဲ့တာလို့ ဆိုပါတယ်။


ဒါ့ပြင် အဲ့ဒီနေ့ နံနက်(၁)နာရီဝန်းကျင်ကလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ဆက်ကြေးကောက်ဖို့ ဖွင့်လှစ်ထားတဲ့ ရေဦးမြို့မြောက်ဘက်အထွက်က စစ်ဆေးရေးဂိတ်နဲ့ အနောက်မြောက်အထွက်က ရွှေကျီးမင်း စစ်ဆေးရေးဂိတ်ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စစ်ဆေးရေးဂိတ်တွေကို PDF ရွှေဘိုခရိုင်အမှတ် (၁၄) တပ်ရင်းနဲ့ မဟာမိတ်တပ်ရင်းတွေ ပူးပေါင်းပြီး စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၅) ဦးသေဆုံးပြီး (၁၂) ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့တယ်လို့ MOD က ပြောဆိုထားပါတယ်။
စစ်ဆေးရေးဂိတ်တွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာမှာ ပြည်သူ့ကာကွယ်ရေး တပ်မတော်သားတွေအနေနဲ့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ MOD စစ်ရုံးချုပ်ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

နိုင်ငံအနှံ့ ဗုံးကြဲနေတဲ့ စစ်ကောင်စီက အပစ်ရပ်ကာလ တစ်လထပ်တိုးတယ်လို့ဆိုပြန်

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 0 Views
‌ဇွန်လ (၁)ရက်။ နိုင်ငံအနှံ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီက ယာယီအပစ်ရပ်ကာလကို အခုလကုန်အထိ တစ်လ ထပ်မံတိုးမြှင့်လိုက်ပြန်တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တောင်သာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်ဖို့ နောက်ဆုံးအကြိမ် သတိပေးထား

  • 2025 ခုနှစ်၊ ဇွန်လ 1 ရက်
  • 0 Views
ဇွန်လ (၁)ရက်။ တောင်သာမြို့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို လက်နက်ချ အလင်းဝင်ဖို့ ‌မြို့နယ်ပကဖရဲ့ မနေ့က နောက်ဆုံးအကြိမ်အနေနဲ့ သတိပေးထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 29 Views
ပင်လောင်းမြို့ ဆောင်းပြောင်းရွာက စစ်ကောင်စီစခန်းတွေ တိုက်ခိုက်ခံရ စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဖယ်ခုံ PDF ထုတ်ပြန် မေလ (၃၀)ရက်။ မေလ (၁၇)ရက်နေ့ကစပြီး ပင်လောင်းမြို့ ဆောင်းပြောင်းကျေးရွာက စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

မိုးဗြဲမြို့ထဲ စစ်ကောင်စီ လက်နက်ကြီးကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 23 Views
မေလ (၃၀)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီခွဲအချိန်က မိုးဗြဲမြို့ထဲတနေရာမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးထိမှန်ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့တယ်လို့ မိုးဗြဲ PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နေ့လယ် (၂)နာရီခွဲအချိန် စစ်ကောင်စီက အကြောင်းမဲ့
မြန်မာသတင်း

ကန့်ဘလူမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရ

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 22 Views
မေလ (၃၀)ရက်။ ကန့်ဘလူမြို့နယ်ထဲ စစ်ကောင်စီစစ်ကြောင်းကြောင့် တိုက်နယ် (၂)ခုက ပြည်သူ (၁၀၀၀၀)ခန့် မိုးထဲရေထဲ စစ်ဘေးရှောင်နေရတယ်လို့ ဒေသခံတွေရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ သင်တောရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စကစတပ်နဲ့ ပျူစောထီးတွေက ရွာပတ်ပတ်လည်နဲ့
မြန်မာသတင်း

နိုင်ငံအနှံ့ ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်က အပစ်ရပ်ထားတဲ့အပေါ် လိုက်နာကြဖို့ဆိုပြီး တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 20 Views
မေလ (၃၀)ရက်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ အပစ်ရပ်ထားတဲ့အပေါ် လိုက်နာဖို့ မနေ့က နေပြည်တော်မှာပြုလုပ်တဲ့ ငလျင်အတွက် အလှူငွေပေးအပ်ပွဲမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ငလျင်ကြောင့် ပြန်လည်ထူထောင်ရးလုပ်ငန်းတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ စစ်တပ်က ဧပြီလ (၂)ရက်နေ့ကစပြီး
India မြန်မာသတင်း

အိန္ဒိယမှာ အထောက်အထားမရှိဘဲ ခရီးမသွားဖို့နဲ့ UN-Card အမြဲဆောင်ဖို့ သတိပေးတာတွေရှိ

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 25 Views
မေလ (၂၉)ရက်။ အိန္ဒိယမှာ အစိုးရအပြောင်းအလဲဖြစ်ပြီးနောက် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို ဖော်ထုတ်ပြီး နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ India for Myanmar ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပါကစ္စတန်နဲ့ အိန္ဒိယအကြား ပဋိပက္ခဖြစ်ပြီးနောက် တရားမဝင်နေထိုင်တဲ့
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 26 Views
မေလ (၂၉)ရက်။ မနေ့က ညနေ (၆)နာရီအချိန် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကနဲလေးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကော့ကရိတ်မြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက ဝင်ရောက်ကျူးကျော်တပ်စွဲထားတဲ့ ကနဲလေးတပ်စခန်းကို မနေ့က