မကွေးတိုင်း၊ မြိုင်မြို့နယ် အရှေ့တောင်ဘက်က ကိုင်းစံပြကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စက်တင်ဘာလ (၂၇) ရက် ဒီမနက်မှာ ဝင်စီးနင်းခဲ့လို့ ဒေသခံတွေ စစ်ဘေးရှောင်နေကြရပါတယ်။
ဒီနေ့ မနက် ၄ နာရီလောက်ကတည်းက ကိုင်းစံပြရွာကို ဝင်ရောက်နေခဲ့ပြီး ဒေသခံအချို့ကိုလည်း ဖမ်းထားသလို ရွာထဲမှာပဲရှိနေသေးတာကြောင့် ကိုင်းစံပြရွာ အနီးဝန်းကျင်က ပြည်သူ ထောင်နဲ့ချီပြီး ညတွင်းချင်း ရှောင်ခဲ့ကြတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုင်းစံပြကျေးရွာထဲမှာ စစ်ကောင်စီတပ်က တပ်စွဲထားဆဲဖြစ်တာကြောင့်ထအနည်းဆုံးလေးမိုင်အကွာမှာရှိတဲ့ ရွာလေးရွာက ပြည်သူထောင်နဲ့ချီပြီး စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။