နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဂျပန်အလုပ်သမားသမဂ္ဂအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့ NUG တိုက်တွန်း

နို၀င်ဘာလ (၂၅)ရက်။

ဂျပန်က အင်အားကြီးအလုပ်သမားသမဂ္ဂအနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဖို့ NUG နိုင်ငံခြားရေး၀န်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းပြောဆိုခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

NUG ၀န်ကြီး ဒေါ်ဇင်မာအောင်ဟာ ဂျပန်နိုင်ငံရဲ့ အင်အားကြီး အလုပ်သမားသမဂ္ဂတခုဖြစ်တဲ့ Japanese Association of Metal,Machinery , and Manufacturing Worker (JAM)က ဥက္ကဋ္ဌ Mr.Katahiro Yasukochi နဲ့ နို၀င်ဘာလ (၂၂)ရက်က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီလိုတွေ့ဆုံခဲ့ချိန်မှာ NUG ကို တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုပြီး အလုပ်သမားရေးရာကဏ္ဍတွေမှာ NUG နဲ့ လက်တွဲလုပ်ဆောင်သွားဖို့ ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့ပြင် ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်း‌တွေ၊ အလုပ်သမားအခွင့်အရေးတွေနဲ့ လုပ်ငန်းခွင်ထဲ ကြုံတွေ့ရနိုင်တဲ့ အလုပ်သမားရေးရာကိစ္စရပ်တွေကို ကူညီဆောင်ရွက်ပေးဖို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ NUG က ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံသား အလုပ်သမားရေးရာလုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာလည်း ပိုမိုမြန်ဆန်စေဖို့အတွက် NUG ရဲ့ အလုပ်သမားရေးရာဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့ ရေးသားထားပါတယ်။

စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား အလုပ်သမားတွေနဲ့ အတူတကွရပ်တည်သွားမှာဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းတွေအတွက် အလုပ်သမားရေးရာကိစ္စတွေကို တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

CNC-Matupi ဟာ မတူပီပြည်သူလူထုကို လုံးဝကိုယ်စားမပြုဘူးလို့ MRO/CDF-Matupi ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 21 Views
ဇူလိုင်လ (၂၆)ရက်။ ချင်းအမျိုးသားကောင်စီ-မတူပီ(CNC-MATUPI)ဟာ ချင်းပြည်သူလူထုကို လုံးဝ(လုံးဝ)ကိုယ်စားမပြုဘူးလို့ MRO/CDF-MATUPI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ချင်းပြည်အရေး၊ မြန်မာ့အရေးမှာ
မြန်မာသတင်း

ပုလောမြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၁၀)ဦးအထိသေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 22 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်က ပုလောမြို့ ဇရပ်ဆိပ်ရွာထဲကို စစ်ကောင်စီတပ်က ဒရုန်းနဲ့ ဗုံးကြဲတာအပါအဝင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့
မြန်မာသတင်း

TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲဝင်လာတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 21 Views
ဇူလိုင်လ (၂၆)ရက်။ ဇူလိုင်လ (၁၇)ရက်နေ့ကစပြီး (၂၅)ရက်နေ့အထိ TNLA၊ DPLA နဲ့ MDY-PDF တပ်ဖွဲ့ဝင် (၈၀)ကျော် ဥပဒေဘောင်ထဲ ဝင်လာခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲ ဇူလိုင်လ
မြန်မာသတင်း

GZA ကို ယောဒေသထဲက မောင်းထုတ်ဖို့ ဂန့်ဂေါမြို့နယ် ပသုံးလုံးက တောင်းဆိုတာတွေရှိနေ

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 16 Views
ဇူလိုင်လ (၂၃)ရက်။ Generation Z Army(GZA)ကို ယောဒေသထဲ ဆက်လက်နေထိုင်ခွင့်မပြုဖိုဆိုပြီး ဂန့်ဂေါနဲ့ ထီးလင်းမြို့ရှိ ပအဖနဲ့ ပကဖတာဝန်ခံတွေက ဂန့်ဂေါခရိုင်-PDF ထံ ဇူလိုင်လ (၁၉) ရက်နေ့မှာ တင်ပြတောင်းဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။ အခုလို တင်ပြတာကို
ပြည်တွင်းသတင်း မြန်မာသတင်း သဘာ၀ပတ်ဝန်းကျင်

မြေရှားသတ္တုပေါများသော မြန်မာနိုင်ငံတွင် လက်နက်ကိုင်တိုင်းရင်းသားတပ်ဖွဲ့က အပြည့်အဝ ထုတ်လုပ်ရောင်းချနေပြီ ဖြစ်ပြီး ကမ္ဘာတဝှမ်းတွင် ဖြန့်ကျက်နေပြီဖြစ်သည်။

  • 2025 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 21 Views
ဇူလိုင်လ ၂၃ ရက်။ Bloomberg ဂျပန်မှဆောင်းပါးကို ဘာသာပြန်ထားပါသည်။ ကချင်လွတ်လပ်ရေးတပ်မတော်သည် ယမန်နှစ်ကလည်း မြေရှားသတ္တု ပေါများသည့်ဒေသကို သိမ်းပိုက်ပြီး အစိုးရတပ်များကို နှင်ထုတ်ခဲ့သည်။ တရုတ်ကြားခံကုမ္ပဏီ၏ ဖောက်သည်စာရင်းတွင် ကမ္ဘာ့ထိပ်တန်းကုမ္ပဏီများ ပါဝင်သည်။ တရုတ်နိုင်ငံနှင့် နယ်စပ် ကီလိုမီတာ
မြန်မာသတင်း

စစ်မှုထမ်းဆောင်ခဲ့သူတွေကို အလုပ်အကိုင်ရရှိဖို့ဆိုပြီး စစ်ကောင်စီက ကော်မတီတရပ်ဖွဲ့စည်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 21 ရက်
  • 18 Views
ဇူလိုင်လ (၂၁)ရက်။ စစ်မှုထမ်းဆောင်ခဲ့သူတွေကို အလုပ်အကိုင်ရရှိဖို့အတွက်ဆိုပြီး ကာကွယ်ရေးဝန်ကြီးဦးဆောင်တဲ့ ကော်မတီတရပ်ကို ဇူလိုင်လ (၈)ရက်နေ့ရက်စွဲနဲ့ စစ်ကောင်စီက ဖွဲ့စည်းထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ စစ်ကောင်စီက “ စစ်မှုထမ်းတာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သူတွေ အလုပ်အကိုင်ရရှိရေးစီမံခန့်ခွဲမှုကော်တီ” ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌအနေနဲ့ ကာကွယ်ရေးဝန်ကြီးအပါအဝင်
မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 21 ရက်
  • 17 Views
ရန်ကုန်-မန္တလေး အမြန်လမ်းမှာ စစ်ကောင်စီကားတစ်စီး တိုက်ခိုက်ခံရ ဇူလိုင်လ (၂၁)ရက်။ မနေ့က နံနက် (၇)နာရီ (၂၂)မိနစ်အချိန် ရန်ကုန်-မန္တလေ အမြန်လမ်း မိုင်တိုင်(၃၁၈)ကို မောင်းလာတဲ့ စစ်ကောင်စီကားတစ်စီးကို တိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေ တိုက်ခိုက်ခံရ၊ တစ်စီး နစ်မြုပ်ကာ (၃)စီး မီးလောင်ခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 21 ရက်
  • 20 Views
ဇူလိုင်လ (၂၁)ရက်။ ဇူလိုင်လ (၁၇)ရက်နေ့က မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်လို့ MDY-PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂေါဝန်ဆိပ်ကမ်းကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေကို