စစ်ကိုင်းတိုင်း၊ ဒီပဲယင်း အရှေ့ဘက်ခြမ်းက ညောင်လှရွာကို ဇန်နဝါရီ ၂၄ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ စစ်ကောင်စီတပ်က တတိယအကြိမ် မီးရှို့ခဲ့တာကြောင့် ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ညောင်လှရွာမှာ နေအိမ် ၁၀၀၀ နီးပါးနဲ့ လူဦးရေ ၃၀၀၀ ကျော် နေထိုင်ကြတဲ့ ရွာကြီးတရွာလည်းဖြစ်ပါတယ်။ အခုအခါ အကြမ်းဖက်မီးရှိုခံရတဲ့အတွက်ကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ အင်အား ၈၀ ကျော်ပါတဲ့ ရေဦးမြို့နယ်က ထွက်လာတဲ့ စစ်ကြောင်းဟာ ညောင်လှရွာကို စီးနင်းဝင်ရောက်မှာကို ကြိုတင် သတင်း ရခဲ့တဲ့အတွက် ဒေသခံတွေက အချိန်မီရှောင်တိမ်း ထွက်ပြေးခဲ့နိုင်တာဖြစ်ပါတယ်။
စစ်ကောင်စီဟာ လူနေအိမ်တွေ အပါအဝင် ဘာသာရေးအဆောက်အအုံတွေနဲ့ ဆန်စက်၊ ဆီစက် ၊ လယ်ယာသုံး စက်ပစ္စည်းတွေကိုပါ မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ဒီပဲယင်းမြို့နယ်မှာ နေအိမ် ၅၀၀၀ ကျော်၊ ဘုန်းကြီးကျောင်း ငါးကျောင်းတို့ဟာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတာခံခဲ့ရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှာ ပထမအကြိမ် နေအိမ် ၄၈ လုံး၊ ဒီဇင်ဘာ ၃ ရက်မှာ ဒုတိယအကြိမ် နေအိမ် ၅၀ ကျော်နဲ့ ၂၀၂၃ မီးရှို့ခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ တတိယအကြိမ် ရွာလုံးကျွတ်နီးပါး ထပ်မံ မီးရှို့ခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။