၂၀၂၃ခုနှစ်အတွင်း စစ်ကောင်စီစခန်း (၄၄) ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကနေ ထုတ်ပြန်လိုက်ပါတယ်။
“ အာဏာရှင်နိဂုံး ၂၀၂၃ “ ဆိုတဲ့ ကြွေးကြော်သံအတိုင်း ၂၀၂၃ နှစ်စကနေ ဗျုဟာမြောက် လှုပ်ရှားမှုတွေ နိုင်ငံအနှံ့မှာ နေ့စဉ်ဖော်ဆောင်နေတယ်လို့ ဆိုပါတယ်။
လေးလနီးပါးကာလအတွင်း PDF မဟာမိတ်တပ်ပေါင်းစုတွေက စစ်ကောင်စီစခန်း (၄၄) ခုသိမ်းနိုင်ခဲ့တဲအပြင် လေတပ်စခန်းတိုက်ခိုက်မှု (၆) ကြိမ်၊ လက်နက်စက်ရုံများတိုက်ခိုက်မှု (၉) ကြိမ်နဲ့ စစ်ကောင်စီဌာနချုပ် စခန်းတိုက်ခိုက်မှု (၁၁) ကြိမ်လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ပုံ။ တမူး ဘုက္ကန်နယ်မြေ ရဲစခန်းကို အမျိုးသားလွတ်မြောက်ရေး တပ်တော်က သိမ်းပိုက်ခဲ့စဉ်။