စစ်ကိုင်းတိုင်း မုံရွာမြို့လယ်ရှိ မီးပွိုင့်တွင်ဧပြီ ၂၇ ရက် မနက်ကမုံရွာလူငယ်များအစည်းအရုံးမှ တော်လှန်လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆွဲ ကာ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။
တော်လှန် လူငယ်များက နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော အခြေခံပညာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကောင်းဆက်ဟိဏ်းအား ဂုဏ်ပြုသောအားဖြင့် “ ရဲဘော်ကောင်းဆက်ဟိဏ်း စိတ်ဓာတ်ဆွဲကိုင် တိုက်ပွဲဝင်ကြ” စာသားအား ချိတ်ဆွဲပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ရန် လှုံ့ဆော် ဆန္ဒပြခဲ့ကြတာပါ။
ရဲဘော်ကောင်းဆက်ဟိဏ်းသည် ပြီးခဲ့သည့် ၂၀၂၁ ဇူလိုင်အတွင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့၏ တိုက်ပွဲတစ်ခုတွင် ကျဆုံးခဲ့ခြင်း ဖြစ်သည်။
Era’sEye /ဓာတ်ပုံ – မုံရွာလူငယ်များအစည်းအရုံး