ယနေ့ မေလ (၂၇) ရက်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ (၆) ရပ်ကွက်၊ (၉) လမ်းမှာနေထိုင်တဲ့ CDM ဆရာမ မသိမ့်သိမ့်စိုးကို NUG၊ ပညာရေးဝန်ကြီးဌာနအောက်မှာ စာသင်နေတယ်ဆိုပြီး သက်သေနဲ့တကွ ဖမ်းဆီးလိုက်ကြောင်း စစ်ကောင်စီဝါဒဖြန့် မီဒီယာများမှာ ဓာတ်ပုံနှင့်တကွ သတင်းထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းများအရ ၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၂၇၂၆) ဦး ရှိသွားပြီလို့ သိရှိရပါတယ်။ အဲ့ဒီအထဲက (၁၈၄၀၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူတွေအထဲက (၆၁၀၆) ဦးမှာ ထောင်ဒဏ် ချမှတ်ခြင်း ခံထားရတယ်လို့ သိရှိရပါတယ်။
ဓာတ်ပုံ။ စစ်ကောင်စီ။