နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝန်ကြီးချုပ်ဟောင်း ဦးနုသား ဦးအောင်နု ကွယ်လွန်။

၂၀၂၃ ခုနှစ်၊ မေလ (၂၇) ရက်၊ ခေတ်မျက်လုံး။ဝန်ကြီးချုပ်ဟောင်းဦးနု၏သားဖြစ်သူ ဦးအောင် ခေါ် ဦးအောင်နု (အသက် ၈၀နှစ်) သည် ယမန်နေ့ ၂၀၂၃ ခုနှစ်၊ မေလ (၂၆) ရက်နေ့ က ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရှိရသည်။

ဦးအောင်နုသည် ဖခင်ဖြစ်သူ ဝန်ကြီးဟောင်းဦးနုနှင့်အတူ ၁၉၆၉ ခုနှစ်မှာ ထိုင်း-မြန်မာ မာနယ်စပ်တွင် တောခိုခဲ့ပြီးနောက်တော်လှန်ရေး မအောင်မြင်သည့်အခါ ဦးအောင်နုသည် အမေရိကားသို့ ထွက်ခွာသွားခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ရှစ်လေးလုံး အရေးတော်ပုံကြီး ဖြစ်လာသည့်အခါ ဒုတိယအကြိမ် နယ်စပ်သို့ ပြန်လာခဲ့ပြီးနောက် ဒီမိုကရေစီနှင့် ညီညွတ်ရေး (ဒညတ) တပ်ပေါင်းစုအဖွဲ့ကို တည်ထောင်ခဲ့ပြီး ဂျပန်ခေတ်အဓိပတိဖြစ်သူ ဒေါက်တာဘမော်သားကြီး ဦးဇာလီမော်၊ သံမဏိဗိုလ်ခင်မောင်တို့နှင့်အတူ ဦးဆောင်ခဲ့သည်။

တော်လှန်ရေး မအောင်မြင်သည့်အခါ အမေရိကန်တွင် ပြန်လည်နေထိုင်ခဲ့ပြီး ကွယ်လွန်ချိန်တွင် ကာလီဖိုးနီးယားပြည်နယ်တွင် နေထိုင်လျက်ရှိသည်။

ဒီမိုကရေစီတော်လှန်ရေးသမားခေါင်းဆောင်တဦး ကွယ်လွန်သွားသည့်အတွက် ခေတ်မျက်လုံးမှ ဝမ်းနည်းပါကြောင်း မှတ်တမ်းတင်လိုက်ပါသည်။

ဓာတ်ပုံ။ဦးအောင်၏ လူမှုကွန်ရက်စာမျက်နှာမှ ကူးယူဖော်ပြပါသည်။

ပုံ (၁) ဝန်ကြီးချုပ်ဟောင်းဦးနု၊ ဦးအောင်နှင့် ဒေါ်သန်းသန်းနု (ဒီမိုကရေစီပါတီ)

ပုံ (၂) နောက်တန်း (ဘယ်) ဦးအောင်၊ အမည်မသိ၊ ရှေ့တန်း – သံမဏိ ဗိုလ်ခင်မောင် (ဖဆပလခေတ် စက်မှုဝန်ကြီး)ပုံ (၃)ဦးအောင် ခေါ် ဦးအောင်နု

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပလက်ဝမြို့ လေကြောင်းဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးငယ်တွေအပါအဝင် ပြည်သူ (၇)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 99 Views
မတ်လ (၃၀)ရက်။ မနေ့က ညနေ (၄)နာရီကျော်အချိန်က ပလက်ဝမြို့ ကြောင်ချောင်းရွာကို စစ်ကော်မရှင်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌအိမ်ဘေးမှာ လူငယ် (၃)ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရိုက်နှက်သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 22 Views
မတ်လ (၃၀)ရက်။ ဟားခါးမှာ စစ်အုပ်စုခန့် လွှတ်တော်ဥက္ကဋ္ဌသစ် ဦးကောလ်လျန်ထန်းရဲ့ အိမ်ဘေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လူငယ် (၃)ဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့တယ်လို့ CDF-Hakha
မြန်မာသတင်း

၂၀၀၈ခြေ/ဥကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ် ရဲဝင်းဦး ပြော

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 21 Views
မတ်လ (၃၀)ရက်။ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သွားမယ်ဆိုပြီး တပ်ချုပ်အသစ်ဖြစ်လာတဲ့ ရဲဝင်းဦးက တာဝန်လွှဲပြောင်းတဲ့ အခမ်းအနားမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တာဝန်ပေးထားတာကြောင့် အခုတာဝန်တွေကို သစ္စာရှိရှိ ကျေပွန်စွာနဲ့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။ မိန့်ခွန်းထဲ
မြန်မာသတင်း

တန့်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်/ကျဉ်းသူတဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 18 Views
မတ်လ (၃၀)ရက်။ မတ်လ (၂၇)ရက်နေ့ နံနက် (၅)နာရီခန့်က တန်ဆည်အချုပ်ထောင်မှာ ဆေးကုသခွင့် ပိတ်ပင်ခံရတာကြောင့် နိုင်ငံရေးအကျဉ်းသူတဦး ကျဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အချုပ်ခန်းထဲ ဆေးကုသခွင့်မရတာကြောင့် ကျဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူဟာ
မြန်မာသတင်း

စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ် ပြောင်းလဲခန့်အပ်တာတွေပြုလုပ်

  • 2026 ခုနှစ်၊ မတ်လ 30 ရက်
  • 18 Views
ရဲဝင်းဦး တပ်ချုပ်အသစ်အနေနဲ့ ခန့်အပ်ခံရ မတ်လ (၃၀)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က နေပြည်တော် ဇေယျာသီရိဗိမာန်မှာ စစ်တပ်ရဲ့ တပ်ချုပ်နဲ့ ဒုတပ်ချုပ်နေရာတွေ ပြောင်းလဲခန့်အပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားမှာ တပ်ချုပ်ရာထူးအတွက် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ ဒုတပ်ချုပ်ရာထူးအတွက်
မြန်မာသတင်း

ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ်

  • 2026 ခုနှစ်၊ မတ်လ 29 ရက်
  • 38 Views
ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ် မတ်လ (၂၈)ရက်။ ရခိုင်ဒေသ မြိုသိမ်းတိုက်ပွဲတွေပြီးနောက် စစ်ကော်မရှင်အပါအဝင် အကြမ်းဖက်အဖွဲတွေနဲ ဆက်စပ်တဲ့ နေအိမ်တွေကို AA က လုပ်ထုံးလုပ်နည်းနဲ့တွေနဲ့အညီ ချိတ်ပိတ်ခဲ့တယ်လို သိရပါတယ်။ အဲ့ဒီလို
မြန်မာသတင်း

CDM သူနာပြုဆရာမကို မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ ပျုစောထီး ပစ်ခတ်ဖမ်းဆီးခံရပြီး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 48 Views
မတ်လ (၂၈)ရက်။ မတ်လ (၂၀)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က အုတ်ဖိုမြို အောင်သုခရပ်ကွက်နေ ပျူစောထီး မောင်ဆန်းကို နေအိမ်မှာ သွားရောက်ဖမ်းဆီးခဲ့တယ်လို သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပျူစောထီး မောင်ဆန်းကို
မြန်မာသတင်း

တပ်မတော်နေ့အခမ်းအနားကျင်းပတဲ့ စစ်တပ်ရဲ့ ဘုရင့်နောင်သင်တန်းကျောင်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ မတ်လ 28 ရက်
  • 50 Views
မတ်လ (၂၈)ရက်။ မနေ့က နံနက် (၇)နာရီကျော်အချိန်က သံတောင်ကြီးရှိ စစ်တပ်ရဲ့ ဘုရင့်နောင်တိုက်ခိုက်ရေးသင်တန်းကျောင်းကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို BWM ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဘုရင့်နောင်တိုက်ခိုက်ရေးကျောင်းမှာ ခွေးတပ်မတော်နေ့ ကျင်းပတဲ့နေရာကို ၁၀၇မမ ရှော့တိုက်ဒုံး