စစ်ကောင်စီကို ဘဏ္ဍာရေးအကြံပေးနေတဲ့ ပြည်တွင်းဘဏ်တွေက လူပုဂ္ဂိုလ် ၄ဦးကို နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာသတိပေးကြောင်း အရိပ်မဲ့(Shadowless)အဖွဲ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
ထိုလူပုဂ္ဂိုလ် ၄ဦးသည် AYA Bank ရဲ့ မန်းနေဂျင်းဒါရိုက်တာ ဦးမင်းဝင်းဦး၊ အမှုဆောင်အရာရှိချုပ် ဦးမြင့်ဇော်အပါအဝင် A Bank ဒုဥက္ကဌ ဦးဇော်လင်းထွဋ်နဲ့ Yoma Bank အမှုဆောင်အရာရှိချုပ် ဦးကျော်စိုးလင်းတို့ ဖြစ်ပါတယ်။





ထိုလူပုဂ္ဂိုလ် ၄ဦးသည် နိုင်ငံတကာမှ ပိတ်ဆို့အရေးယူထားသော မင်းအောင်လှိုင်ရဲ့ စစ်ကောင်စီကို ဘဏ်စနစ်နဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြံဉာဏ်များ ပေးနေသူများဖြစ်တယ်လို့ ဆိုပါတယ်။
ထိုပုဂ္ဂိုလ်များထဲမှာ တော်လှန်ရေးကို ကူညီခဲ့ဖူသူများ ပါဝင်နေတာကို ထောက်ရှုပြီး နောက်ဆုံးအကြိမ်အဖြစ် ပြင်းထန်စွာ သတိပေးခြင်းဖြစ်တယ်လို့ တယ်လီဂရမ်ချန်နယ်မှာ ဖော်ပြထားပါတယ်။
နောင်မှာ စစ်ကောင်စီနဲ့ ဆက်လက် ပူးပေါင်းဆောင်ရွက်နေပါက ထိုက်သင့်သည့် အရေးယူမှုများ ပြုလုပ်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းအသိပေးထားပါတယ်။
Era’sEye