တရုတ်နိုင်ငံရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းဟာ နေပြည်တော်သို့ ရောက်ရှိလာပြီး စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးကော်မတီနဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
တရုတ်အထူးကိုယ်စားလှယ်သည် ဇူလိုင်လ ၂၇ရက်နေ့က နေပြည်တော်ကို ရောက်ရှိလာပြီးနောက် စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။
နှစ်ဖက်တွေ့ဆုံစဉ် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
မစ္စတာ တိန့်ရှီးကျွင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နှစ်ကုန်ပိုင်းက တရုတ်အထူးကိုယ်စားလှယ် မစ္စတာ ဆွန်ကော်ရှန်းရဲ့ နေရာမှာ ပြောင်းလဲခန့်အပ်ခံရပြီးနောက် နေပြည်တော်ကို လာရောက်ကာ စစ်ကောင်စီဥက္ကဌနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။
ဒါ့ပြင် ၎င်းသည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလပိုင်းက မိုင်းလားမြို့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ တွေ့ဆုံဆွေးနွေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
မစ္စတာ တိန့်ရှီးကျွင်းနေရာမှာ တာဝန်ယူခဲ့တဲ့ မစ္စတာ ဆွန်းကော်ရှန်းရဲ့ စစ်ကောင်စီလက်ထက် အစောပိုင်းမှာ နေပြည်တော်ကို လာရောက်ခဲ့တဲ့ ခရီးစဉ်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါအောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ တောင်းဆိုတာတွေရှိခဲ့တယ်လို့ သိရပါတယ်။