နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

အီရတ်နိုင်ငံ မင်္ဂလာဆောင်မှာ မီးလောင်မှု ဖြစ်ပွား အနည်းဆုံး ၁၀၀ ကျော် သေဆုံးပြီး ၁၅၀ ဒဏ်ရာရ။

အီရတ်နိုင်ငံ မြောက်ပိုင်း နီနာဗာပြည်နယ် ဟမ်ဒါနီယာဒေသတွင် မင်္ဂလာဆောင်ကျင်းပနေတဲ့ခန်းမတခု စက်တင်ဘာလ (၂၆) ရက်နေ့ညက မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၀၀ သေဆုံးကာ ၁၅၀ ဒဏ်ရာရရှိခဲ့ကြောင်း အီရတ်နိုင်ငံပိုင် မီဒီယာက ပြောကြားခဲ့ပါတယ်။ စက်တင်ဘာလ (၂၇) ရက်နေ့ နံနက်အစောပိုင်းမှာ ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လူ ၁၁၃ ဦး သေဆုံးကြောင်း အတည်ပြုခဲ့ကြောင်း ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးက Reuters ကို ပြောကြားခဲ့ပါတယ်။


မီးလောင်မှုဖြစ်ပွားခဲ့တဲ့ မင်္ဂလာပွဲမှာ မီးရှူးမီးပန်းတွေကို အသုံးပြုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ပြောပါတယ်။ လက်ရှိသတင်းများအရ အဲ့ဒီခမ်းမဟာ မီးလောင်လွယ်တဲ့ ပစ္စည်းတွေကို အသုံးပြုပြီး ဆောက်လုပ်ထားတာကြောင့် မီးဟာ လျင်မြန်စွာ ကူးစက်သွားခဲ့တယ်လို့ ဆိုပါတယ်။ အီရတ်အာဏာပိုင်တွေဟာ အဆောက်အအုံဆောက်ရာမှာ တာဝန်ရှိတဲ့ပုဂ္ဂိုလ် ၆ ဦးကို အရေးယူထားတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာကို လူနာတင်ယာဉ်နှင့် ဆေးကုသရေး တာဝန်ရှိသူများ ရောက်ရှိလာခဲ့ပါတယ်။ မျက်မြင်သက်သေတွေရဲ့ အဆိုအရ ဒေသစံတော်ချိန် ည ၁၀ နာရီ ၄၅ မိနစ်လောက်မှာ မီးစတင်လောင်ခဲ့ပြီး မင်္ဂလာပွဲကို ရာနဲ့ချီတဲ့သူတွေ တက်ရောက်လာခဲ့တယ်လို့လည်း သိရပါတယ်။ သတို့သားနဲ့ သတို့သမီးဟာ မီးလောင်ဒဏ်ရာရရှိခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ သိရပါတယ်။

ဓာတ်ပုံသည် စက်တင်ဘာလ (၂၇) ရက်နေ့တွင် ရိုက်ကူးခဲ့သောအခင်းဖြစ်ပွားရာအခြေအနေအား ပြသထားသည်
Source: ရိုက်တာ /ဓာတ်ပုံ။ ရိုက်တာ၊ SNS

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 29 Views
အောက်တိုဘာလ (၂၉)ရက်။ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MDY-PDF
မြန်မာသတင်း

ကျောက်မြောင်းနဲ့ စဉ့်ကူးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 35 Views
အောက်တိုဘာလ (၂၉)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မြန်မာသတင်း

ကူးမင်းဆွေးနွေးပွဲမှာ စစ်တပ်နဲ့ အပစ်ရပ်ရေးထိုးခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 34 Views
အောက်တိုဘာလ (၂၉)ရက်။ အောက်တိုဘာလ (၂၇)ရက်နဲ့ (၂၈)ရက်နေ့က တရုတ်ရဲ့ ကြားဝင်စေ့စပ်တာနဲ့ ကူမင်းမြို့မှာ စစ်တပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၂)ရက်တာတွေ့ဆုံပွဲမှာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းရဲ့ ကြားဝင်စေ့စပ်တာကြောင့်
မြန်မာသတင်း

အနုပညာအမည်ခံ အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ်တွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတွေ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 29 Views
အောက်တိုဘာလ (၂၉)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ‌ရွေးကောက်ပွဲကို ‌အားပေးကူညီပြီး တော်လှန်ရေးကို ပုံဖျက်တဲ့ ဝါဒဖြန့် အနုပညာရှင်တွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတွေက ဒီကနေ့မှာ သတိပေးထားတယ်လို့ သိရပါတယ်။ သူတို့ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး လူထုရဲ့ အသက်အိုးအိမ်ကို
မြန်မာသတင်း

ကော်သူးလေနယ်မြေထဲ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ် (၁၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 26 Views
အောက်တိုဘာလ (၂၉)ရက်။ ကော်သူးလေနယ်မြေထဲ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၅)ရက်နေ့က မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့ရှိ သရက်ချောင်းနယ်မြေကို စစ်တပ်ရဲ့ တပ်ရင်း
မြန်မာသတင်း

ဒီ‌ကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်တဲ့ကာလအနေနဲ့ သတ်မှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 42 Views
အောက်တိုဘာလ (၂၈)ရက်။ ဒီကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်တဲ့ ကာလအနေနဲ့ သတ်မှတ်ထားတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ အကြမ်းဖက်မှုပေါင်းစုံ ကျင့်သုံးကာ မတရားအာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ
မြန်မာသတင်း

မုံရွာမှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်း (၂)ဦး အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 37 Views
အောက်တိုဘာလ (၂၈)ရက်။ မနေ့က မုံရွာမြို့မှာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခံရတဲ့ စစ်မှုထမ်းတပ်သား (၂)ဦး အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ်ပကဖရဲ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား (၂)ဦးဟာ ကျောက္ကာရွာ ရွှေဂူနီဘုရားဝန်းထဲ အထိုင်ချတပ်စွဲထားတဲ့ စစ်ကော်မရှင်စခန်းကနေ
မြန်မာသတင်း

တနင်္သာရီမြို့မှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ပြည်သူတွေ ခရီးမသွားဖို့ PDF-တိုင်းစစ်ဌာန ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 23 Views
အောက်တိုဘာလ (၂၈)ရက်။ အခုအခါ တနင်္သာရီမြို့နယ်ထဲ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ PDF-တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲတွေမှာ စစ်ကော်မရှင်ရဲ့ ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်(ကရခ)နဲ့ အမှတ်(၁၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)တို့ဟာ တိုက်ပွဲဖြစ်ပွားတဲ့နေရာကိုသာမက တိုက်ပွဲမရှိတဲ့ နေရာတွေကိုပါ