၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။
အောက်တိုဘာလ (၂၇) ရက်နေ့က ရန်ကုန်မြို့မှာ တော်လှန်စစ်ကို ထောက်ခံကြိုဆိုတဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
“ အမှန်ကတော့ ကျနော်တို့မြို့ကို ကျနော်တို့ပိုင်တယ်။ ကျနော်တို့ငြိမ်ချင်ငြိမ်မယ်။ ကြွချင်ကြွမယ်။ ဘယ်လိုဖိနှိပ်မှုမျိုးကိုမှ ကျနော်တို့မခံဘူး။ တတိုင်းတပြည်လုံးအတိုင်းအတာနဲ့ အသံတွေ ထွက်ပေးဖို့လိုပါပြီ။ ဖိနှိပ်မှုတွေကို ခါးစည်းခံနေလို့မရတော့ပါဘူး။ တယောက်တသံ ထွက်နေတာထက် ပြိုင်တူတွန်းရင် အရွေ့မြန်မှာပဲ” လို့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူငယ်တဦးက ပြောပါတယ်။
အဲ့ဒီလှုပ်ရှားမှုကို North Dagon Oppressed People’s Strike Coalition – NDOPSC နဲ့ မဟာမိတ်တွေက လူငယ်တွေပူးပေါင်းပြီး လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။