ကရင်အမျိုးသားအစည်းအရုံး (KNU) ဖာပွန်ခရိုင် မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီရဲ့ မယ်ခါးထာ့တပ်စခန်းကို KNLA က တိုက်ခိုက် သိမ်းပိုက်ခဲ့နိုင်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်သိမ်းပိုက်မှုအပြီးမှာ စစ်ကောင်စီရဲ့ မယ်ခါးထာ့ တပ်စခန်းကို မီးရှီု့ဖျက်ဆီးခဲ့ကြပါတယ်။
မယ်ခါးထာ့တပ်စခန်းဟာ မြန်မာ- ထိုင်းနယ်စပ် သံလွင်မြစ်ကမ်းဘေးမှာ တည်ရှိတဲ့ စစ်ကောင်စီစခန်းတစ်ခု ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် KNLA တပ်မဟာ (၅) က နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်း ပိုက်လျက်ရှိရာ အဆိုပါနယ်စပ်ရှိ တပ်စခန်းများလည်း ပါဝင်ခဲ့ပါတယ်။