ရန်ကုန်တိုင်း၊တာမွေမြို့နယ်တွင် မတ်(၂၈) ရက် မနက် (၁၀) နာရီ အချိန်က ယာဉ်ထိန်းရဲတပ်ဖွဲ့တွေ လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခံလိုက်ရပြီး အမျိုးသမီးတပ်ဖွဲ့ဝင် ၁ ဦး ထိမှန်သွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ ယာဉ်ထိန်းရဲတွေ တိုက်ခိုက်ခံလိုက်ရတာပါ။
စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ အရှေ့မြင်းပြိုင်ကွင်းလမ်း ၊ ဝင်းဘရားသား မှန်အလူမီနီယံဆိုင်ရှေ့မှာ ယာဉ်ထိန်းရဲတွေ တိုက်ခိုက်ခံရတာလို့ဆိုထားပါတယ်။
ကားပေါ်ကနေလက်ပစ်ဗုံးနဲ့ပစ်ပေါက်သွားတဲ့အတွက် ယာဉ်ထိန်းရဲမေ ကို ထိမှန်သွားခဲ့တယ်လို့လည်းသိရပါတယ်။