မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာရှိတဲ့ ညောင်ကုန်း တိုက်နယ်ရဲစခန်းကို မတ်လ ၂၇ ရက် နေ့လယ် ၁၂ နာရီခွဲခန့်က တပ်ပေါင်းစုအဖွဲ့၀င်တွေက မောင်းပြန် လက်နက်တွေနဲ့ ၀င်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ရဲစခန်းအတွင်းမှာရှိတဲ့ စကစ လက်အောက်ခံ ရဲတွေနဲ့ စစ်သားတွေ အလန့်တကြား ထွက်ပြေးသွားကြ တယ်လို့ အလယ်ပိုင်းတိုင်း တော်လှန်ရေးမဟာမိတ်များတပ်ပေါင်းစုက သတင်းထုတ်ပြန်ပါတယ်။
စစ်ကောင်စီလက်အောက်ခံ မဘသတွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေ ကြီးစိုးတဲ့ ပျော်ဘွယ် မိတ္ထီလာနယ်တစ်ကြောမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရဲစခန်းကို အခုလို ပစ်ခတ်တိုက်ခိုက်တာက ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။