တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်မှာ မေ ၂၄ ရက်ကစပြီး စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်စစ်ဆေးတာတွေရှိနေတယ်လို့ လောင်းလုံး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကသိရပါတယ်။
မြို့ခံတွေကိုစစ်ကောင်စီက ရက်ဆက်ဆိုသလိုဆက်တိုက်ဖမ်းဆီးပြီး စစ်ဆေးနေတာပါ။
အဲဒီထဲကအချို့ကိုပြန်မလွှတ်ပေးသေးပဲ စစ်ဆေးနေဆဲလို့ သိရပါတယ်။
စစ်ကောင်စီ စစ်ကြာင်းဟာ မြို့ပေါ်မှာတင်မကဘဲ ရွာထဲတွေအထိပါ ဝင်ရောက်ဖမ်းဆီးနေတာပါ။
လက်ရှိမှာအချို့ကိုပြန်လွှတ်ပေးနေသော်လည်း လူငယ် ၅ ဦး ခန့်ဟာ ဖမ်းဆီးစစ်ဆေးခံနေရဆဲလို့ လောင်းလုံး ပ.က.ဖ က ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ ကနေ ၃၀ ဝန်းကျင် အရွယ် လူငယ်ပိုင်းတွေဖြစ်ပြီး ပြီးခဲ့တဲ့ မေ ၂၃ ရက် က လောင်းလုံးမြို့နယ် လဝကရုံးကို ထားဝယ်ပြောက်ကျားတပ်ဖွဲ့နဲ့ ထားဝယ်နဂါးတပ်ခွဲက ဝင်ရောက်စီးနင်းပြီး လဝက ဒုဦးစီးမှူးပစ်သတ်ခံရတဲ့နောက် အခုလို မြို့ပေါ် နဲ့ ဆက်စပ်ရပ်ကွက်တွေ ရွာတွေကို ဝင်ရောက်စစ်ဆေးဖမ်းဆီးနေတာ ဖြစ်ပါတယ်။
Era’sEye/Photo – တနင်္သာရီတိုင်းမ်
(လောင်းလုံးမြို့ပေါ် တွေ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ)