၂၀၂၃ ခုနှစ်၊ မေလ၂၉ ရက်၊ ခေတ်မျက်လုံး။မေလ (၂၇) ရက်က လွိုင်ကော်မြို့ ကုန်းသာမှာ တိုက်ပွဲဖြစ်ပွားပြီး KNDF တပ်ရင်း ၂ မှ ရဲဘော (၃) ဦး ကျဆုံးခဲ့တယ်လို့ KNDF တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားပါတယ်။
ကျဆုံးခဲ့တဲ့ ရဲဘော်နာမည်တွေက ရဲဘော်ပီတယ်၊ ရဲဘော်မာတီးနိုနဲ့ ရဲဘော် ဖရစ္စကိုတို့ (၃) ဦး ဖြစ်ကြောင်း သိရှိရပါတယ်။





မေလ (၂၇) ရက်နေ့ကပဲ မိုးဗြဲမြို့အတွင်း စစ်ကောင်စီနဲ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကြီးထိမှန်ပြီး ၃ နှစ် ၅ လအရွယ် မိန်းကလေးတဦး သေဆုံးခဲ့ရတယ်လို့ သိရှိရပါတယ်။
Source: KNDF တပ်ရင်း ၂