နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီးမော့ဆိုမှာ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီသုံ့ပန်းကို FBR မှ ဆေးကုသပေးခဲ့။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်း တနီးလာလဲတောင်ကြောပေါ်က တိုက်ပွဲများအတွင်း မေလ (၂၀) ရက်က ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီသုံ့ပန်းတစ်ဦးကို Free Burma Ranger-FBR အဖွဲ့က ဆေးဝါးစောင့်ရှောက်မှု ပေးခဲ့တယ်လို့ FBR က မေလ (၂၇) ရက် ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ကောင်စီသုံ့ပန်းကို မေလ (၂၀) ရက်နဲ့က နှုတ်ခမ်းနဲ့ မေးစေ့တဝိုက်မှာ ဒဏ်ရာများနဲ့အတူ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဖမ်းဆီးထိန်းသိမ်းထားတာလို့ သိရပါတယ်။

ဒီးမော့ဆိုအရှေ့ဘက်ခြမ်းမှာ မေ ၁၄ ရက်မှ ၂၃ ရက်အထိ ဖြစ်ပွားခဲ့တဲ့ ၁၀ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးထက်မနည်း သေဆုံးကာ ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ရဲဘော် (၈) ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးရမိတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

လက်ရှိ ကယားပြည်နယ်ထဲမှာ စစ်ကောင်စီနဲ့ ကရင်နီတော်လှန်ရေး တပ်ပေါင်းစုဝင် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေပါတယ်။

^စစ်ကောင်စီဘက်က နေ့စဉ်နီးပါး လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်၊ အာဏာသိမ်းပြီးချိန်ကစပြီး ၂၀၂၃ ခုနှစ်၊ မေလ (၂၆) အထိ စစ်ကောင်စီ သတ်ဖြတ်မှုကြောင့် သေဆုံးရသူဦးရေ ၃၅၈၀ ဦး ရှိသွားပြီဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းရင်းမြစ်။ Karenni’s Voice

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 35 Views
အောက်တိုဘာလ (၁၀)ရက်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မိုးမိတ်မြို့ လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 36 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က ည (၇)နာရီအချိန်က မိုးမိတ်မြို့ ဝဲဘောင်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး
မြန်မာသတင်း

မဲစာရင်းတွေမှားနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက် ထပ်တိုးလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 36 Views
အောက်တိုဘာလ (၁၀)ရက်။ မဲစာရင်းတွေ အများအပြား မှားယွင်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စစ်တပ်လက်အောက်ခံ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက်ကို ထပ်တိုးလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ မဲစာရင်းကြေညာတာကို ရွေး/ကော်က အောက်တိုဘာလ (၁၃)ရက်အထိ ကြေညာထားပေမယ့် အခုအခါမှာတော့
မြန်မာသတင်း

နေပြည်တော်ကိုရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 25 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာတွေကို ဝမ်းသာပြီး အာဆီယံက
မြန်မာသတင်း

ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တဲ့ တရားခံနဲ့ ပူးပေါင်းပါဝင်သူတွေကို လက်တုံ့ပြန်မယ်လို့ မုံရွာပလဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 23 Views
အောက်တိုဘာလ (၉)ရက်။ ချောင်းဦးမြို့ ဘုံတိုရွာက ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တာမှာ ကျူးလွန်ခဲ့သူနဲ့ ပူးပေါင်းပါဝင်သူတွေကို အပြစ်ပေးသွားမယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘုံတိုရွာအနီး ပြည်သူတွေ စုပေါင်းကာ ဆီမီးထွန်းပွဲတော်ပြုလုပ်ချိန် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စက်တပ်လေထီးနဲ့
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့မှာ ဒေသခံတွေ ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 46 Views
အောက်တိုဘာလ (၉)ရက်။ ဗန်းမောက်မြို့အနီးမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမောက်မြို့အနီးတဝိုက်မှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အနီးဝန်းကျင်က ကျေးရွာတွေက
မြန်မာသတင်း

စစ်တပ်ထုတ်ပြန်တဲ့ မဲစာရင်းတွေ မှားယွင်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 48 Views
အောက်တိုဘာလ (၉)ရက်။ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက်ဆိုပြီး စစ်တပ်က ထုတ်ပြန်တဲ့ မဲစာရင်းတွေဟာ မှားယွင်းနေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ လေ့လာစောင့်ကြည့်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နကစအနေနဲ့ တာဝန်ယူပေးပါ။ မြို့နယ်တိုင်း မဲစာရင်းတွေ မှားနေတယ်။ မဲစာရင်းကို တမင်
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်ရှောင်ကလေးတွေ စာသင်တဲ့နေရာကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်တွေအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 45 Views
အောက်တိုဘာလ (၉)ရက်။ မနေ့က ည (၇)နာရီကျော်အချိန် မင်းတပ်မြို့ရှိ ဝမ္မသူးရွာနဲ့ ထင်းချောင်းရွာရှိ စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ စာသင်ကျောင်းတွေကို အကြောင်းမဲ့