၂၀၂၃ ခုနှစ် ၊ ဇွန် (၂၉)ရက် ၊ ခေတ်မျက်လုံး။
မွန်ပြည်နယ်၊ ရန်ကုန်- မြ၀တီလမ်းပေါ် သထုံနှင့်ဘီးလင်းမြို့နယ်အကြားရှိ ကျုံအိတ်တံတားဟာဇွန် ၂၉ ရက် မနက်အစောပိုင်း မှာ မိုင်းခွဲခံရပြီး ပြိုကျပျက်စီးခဲ့ပါတယ်။
မိုင်းခွဲခံရတာကြောင့် ကား ၃ စီး ထိခိုက်ခဲ့ပြီး လူထိခိုက်မှု ရှိတယ်လို့ ဒေသခံ တွေကပြောပါတယ်။အဲဒီတံတားဟာ ရန်ကုန်-မော်လမြိုင်-မြ၀တီလမ်းအတွက် အရေး ပါတဲ့တံတားတခုလည်းဖြစ်ပါတယ်။







လက်ရှိတွင် စစ်တပ်နှင့် ရဲများက ပြိုကျသွားတဲ့ တံတားနားတွင် လုံခြုံရေး တင်းကြပ် ထားတယ်လို့သိရပါတယ်။ကားတချို့ကို ဖြတ်သန်းခွင့်ပေး နေကြောင်း၊ ကားများ ပိတ်ဆို့နေပြီး တစ်စင်းပြီးမှ တစ်စင်း ဖြည်းဖြည်းသာ မောင်းနှင် ဖြတ်သန်း နေရရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်များက ရန်ကုန်-မော်လမြိုင်-မြ၀တီ လမ်း ကြောကို စစ်ကြောင်းများ လှည့်လည်ခြင်း၊ ရိက္ခာနှင့်လက်နက်၊ လူအင် အားများ ဖြည့်တင်းခြင်းများအတွက် အဓိက အသုံးပြုလျက်ရှိနေတာလည်းဖြစ်ပါတယ်။
Era’sEye