နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

သထုံမြိုနယ် နှင့် ဘီးလင်းမြိုနယ်အစပ်ရှိ ကျုံအိတ်တံတား မိုင်းခွဲခံရ ကား ၃ စီးပါ ပျက်စီးကာ လူထိခိုက်မှုရှိ

၂၀၂၃ ခုနှစ် ၊ ဇွန် (၂၉)ရက် ၊ ခေတ်မျက်လုံး။

မွန်ပြည်နယ်၊ ရန်ကုန်- မြ၀တီလမ်းပေါ် သထုံနှင့်ဘီးလင်းမြို့နယ်အကြားရှိ ကျုံအိတ်တံတားဟာဇွန် ၂၉ ရက် မနက်အစောပိုင်း မှာ မိုင်းခွဲခံရပြီး ပြိုကျပျက်စီးခဲ့ပါတယ်။

မိုင်းခွဲခံရတာကြောင့် ကား ၃ စီး ထိခိုက်ခဲ့ပြီး လူထိခိုက်မှု ရှိတယ်လို့ ဒေသခံ တွေကပြောပါတယ်။အဲဒီတံတားဟာ ရန်ကုန်-မော်လမြိုင်-မြ၀တီလမ်းအတွက် အရေး ပါတဲ့တံတားတခုလည်းဖြစ်ပါတယ်။

လက်ရှိတွင် စစ်တပ်နှင့် ရဲများက ပြိုကျသွားတဲ့ တံတားနားတွင် လုံခြုံရေး တင်းကြပ် ထားတယ်လို့သိရပါတယ်။ကားတချို့ကို ဖြတ်သန်းခွင့်ပေး နေကြောင်း၊ ကားများ ပိတ်ဆို့နေပြီး တစ်စင်းပြီးမှ တစ်စင်း ဖြည်းဖြည်းသာ မောင်းနှင် ဖြတ်သန်း နေရရတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်များက ရန်ကုန်-မော်လမြိုင်-မြ၀တီ လမ်း ကြောကို စစ်ကြောင်းများ လှည့်လည်ခြင်း၊ ရိက္ခာနှင့်လက်နက်၊ လူအင် အားများ ဖြည့်တင်းခြင်းများအတွက် အဓိက အသုံးပြုလျက်ရှိနေတာလည်းဖြစ်ပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တရုတ်က စစ်ကောင်စီကို ယွမ် (၅)သန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ အကူအညီပေး

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 7 Views
စက်တင်ဘာလ (၁၁)ရက်။ တရုတ်က စစ်ကောင်စီကို ယွမ် (၅)သန်းတန်ဖိုးရှိ ရဲလုပ်ငန်းဆိုင်ရာ အသုံးအဆောင်ပစ္စည်းတွေ အကူအညီပေးခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မြင်းခြံမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ နှစ်ရက်တာတိုက်ပွဲထဲ စစ်ကောင်စီဘက်က တစ်ဦးသေဆုံးပြီး ထိခိုက်သူတွေရှိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 4 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တသ်ဘာလ (၉)ရက်နဲ့ (၁၀)ရက်တို့မှာ မြင်းခြံမြို့နယ်မြောက်ဘက်ရှိ Myingyan Black Tiger(MBT)ရဲ့ စစ်ကြောင်း (၁)နယ်မြေထဲ စစ်ကောင်စီတပ်တွေက
မြန်မာသတင်း

အုတ်ဖိုမြို့နယ်မှာ ပျူစောထီးတွေ ပစ်ခတ်ရှင်းလင်းခံရပြီး ပျူ‌‌စောထီးခေါင်းဆောင်အပါအ၀င် (၃)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 4 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၉)ရက်နေ့ အုတ်ဖိုမြို့နယ်မှာ ပျူစောထီးတွေကို စောင့်ကြိုပစ်ခတ်ရှင်းလင်းခဲ့ရာ ပျူစောထီးခေါင်းဆောင်အပါအ၀င် (၃)ဦး သေဆုံးခဲ့တယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့(အုတ်ဖို)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အုတ်ဖိုမြို့ စဉ့်ကူးကျေးရွာအုပ်ချုပ်ရေးမှူး ပျုစောထီးခေါင်းဆောင် ကိုသက်ကြီး(ခ)သက်အောင်ကို တောင်သုံးလုံးဘုရားနဲ့ စဉ့်ကူးရွာကြားမှာ
1027 Operations မြန်မာသတင်း

အာဏာလက်လွှတ်ဖို့ နီးကပ်နေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို မှတ်တမ်းတင်ထားတယ်လို့ ညီနောင်(၃)ဖွဲ့ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 14 Views
စက်တင်ဘာလ (၁၀)ရက်။ အာဏာလက်လွှတ်ဖို့ နီးကပ်နေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအဖွဲ့တွေဆီ ပေးပို့သွားမယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံအနှံ့အပြားမှာ စစ်ရှုံးစစ်ကောင်စီဟာ သူတို့ရဲ့
မြန်မာသတင်း

ရေစကြိုမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီတပ်ဖွဲ့၀င် (၂)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 8 Views
စက်တင်ဘာလ (၁၀)ရက်။ မနေ့က နံနက် (၁၀)နာရီအချိန် ရေစကြိုမြို့မရဲစခန်းက ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေကို စောင့်ဆိုင်းတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေစကြိုမြို့မရဲစခန်းကနေ မိုင်းရှင်းဖို့ထွက်လာတဲ့ စခ (၁၀)ဦးကို ကာကွယ်ရေးရဲဘော်တွေက အသင့်စောင့်ဆိုင်းပြီး
မြန်မာသတင်း

ပန်ဝါပြည်သူ့စစ်ခေါင်းဆောင်ရဲ့ စစ်မိန့်က မထုတ်ပြန်သင့်တဲ့ စစ်မိန့်လို့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 10 Views
စက်တင်ဘာလ (၁၀)ရက်။ ပန်ဝါပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်းထုတ်ပြန်ခဲ့တဲ့ စစ်မိန့်က မထုတ်ပြန်သင့်တဲ့ စစ်မိန့်လို့ KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဒီကနေ့မှာ သူ့ရဲ့လူမှုကွန်ရက်ကနေ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဇွန်လ (၇)ရက်နေ့ရက်စွဲနဲ့ ကချင်ပြည်နယ်အထူးဒေသ(၁)ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက KIA နဲ့
မြန်မာသတင်း

မောင်တောမြို့မှာ စစ်ကောင်စီရဲ့ ဗုံးကြဲတာကြောင့် စစ်သုံ့ပန်းတွေနဲ့ မူဆလင်လက်နက်ကိုင်တွေအပါအ၀င် အကျဉ်းသား (၅၀)ကျော်သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 11 Views
စက်တင်ဘာလ (၁၀)ရက်။ မနေ့က ည (၉)နာရီခွဲအချိန်မှာ မောင်တောမြို့ရှိ လေးမိုင်(နခခ-၂)စခန်းကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ် (၂)စီးနဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်တာကြောင့် အကျဉ်းသား (၅၀)ကျော် သေဆုံးခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မန္တလေး ချမ်းမြသာစည်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓါးပြတိုက်ခံရ၊ ရွှေ (၁၀)ပိဿာကျော်နဲ့ ကျပ်သိန်း (၁၀၀၀)ခန့်ပါသွားဟုဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 7 Views
စက်တင်ဘာလ (၁၀)ရက်။ ဒီကနေ့ နံနက် (၈)နာရီခန့်က မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ချောင်ချောင်ရွှေဆိုင်ပိုင်ရှင်နေအိမ်ကို လက်နက်ကိုင်ဆောင်ထားသူတစ်စုက ဓါးပြတိုက်သွားခဲ့တယ်လို့ မြို့နေပြည်သူတွေထံက သိရပါတယ်။ “ နံနက် (၈)နာရီလောက် သေနတ်တွေ ဓါးတွေကိုင်ထားတဲ့ အမျိုးသားတစုက (၁၀၁)ဘီလမ်းနဲ့ (၇၁)လမ်းက