ရန်ကုန်မြို့ တံတားတခုတွင် Kyimyindaing Networks (KMD18) နှင့် Mayangone Democratic Front (MDF) တော်လှန်ရေးအင်အားစုများမှ လူငယ်များ ပူးပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး စာတန်းချိတ်ဆန္ဒပြခဲ့ကြပါတယ်။ လူငယ်များက "ငါတို.အလှည့်လာပြီ" စာတန်းပါသည့် ဘန်နာကို ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ပြုလုပ်ခဲ့ကြတာပါ။ ပြည်သူလူထုအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် လက်တွဲပူးပေါင်းပါဝင်ပြီး တော်လှန်ရေးတွင် အင်တိုက်အားတိုက် ပါဝင်ကြရန်လည်း KMD18 အဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။ Era'sEye
ငါတို့အလှည့်လာပြီ
