၂၀၂၃ ခုနှစ် ၊ ဇူလိုင် (၂၉)ရက် ၊ ခေတ်မျက်လုံး။
အမေရိကန် တက္ကဆက်ပြည်နယ်ရှိ မြန်မာမိသားစုတွေက တော်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၅၀၀၀ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို လှူဒါန်းခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဇူလိုင်လ ၁၆ရက်က အမေရိကန်ပြည်ထောင်စု၊ တက္ကဆက် (Texas) ပြည်နယ်၊ Lewisville မြို့ရှိ Chin Baptist Church မှာ မြန်မာမိသားစုတွေနဲ့ NUG ရဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအပါအ၀င် ၀န်ကြီးတွေနဲ့ တွေ့ဆုံပွဲပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
တွေ့ဆုံပွဲကို Lewisville City Mayor Gilmore၊ Saginaw City Manager Gabriel Reaume နဲ့ တက္ကဆက်ပြည်နယ်မှ မြန်မာမိသားစုတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
တက်ရောက်လာခဲ့ကြတဲ့ မြန်မာမိသားစုတွေက မြန်မာ့အရေးသိရှိလိုတာတွေကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးတွေက ပြန်လည်ဖြေကြားခဲ့တယ်လို့ ဆိုထားပါတယ်။
တွေ့ဆုံပွဲအတွင်း မြန်မာမိသားစုတွေက နွေဦးတော်လှန်ရေးရန်ပုံငွေအဖြစ် အမေရိကန်ဒေါ်လာ စုစုပေါင်း (၂၅,၀၀၀) လှူဒါန်းခဲ့ကာ NUG ကတစ်ဆင့် တော်လှန်ရေးအတွက် လိုအပ်တဲ့နေရာတွေကို ပေးပို့အသုံးပြုသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။
တွေ့ဆုံပွဲကို NUG ရဲ့ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီး ဦးထင်လင်းအောင်နဲ့ လူ့အခွင့်အရေးဆိုင်ရာဒုဝန်ကြီး ဦးအောင်ကျော်မိုးတို့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
#Era’sEye