နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဒေသတွင်းရှိ ရေငန်သန့်စင်စက်ရုံများကို အီရန်ကတိုက်ခိုက်မည်ဆိုသည့်ပြောဆိုမှုအပေါ် အီရန်ကတုံ့ပြန်ပြောကြား

CNN – မတ်လ ၂၃ ရက်၊ ၂၀၂၆ ခုနှစ်

အီရန်အစ္စလာမ္မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) သည် ပင်လယ်ကွေ့နိုင်ငံများ တစ်လျှောက်ရှိ သန်းနှင့်ချီသော ပြည်သူများအတွက် သောက်သုံးရေ ပေးဝေနေသော ရေငန်သန့်စင်စက်ရုံများကို ပစ်မှတ်ထားမည်ဆိုသည့် ခြိမ်းခြောက်မှုအား နောက်ဆုတ် လိုက်ဟန်ရှိသော်လည်း၊ ယင်းသို့တိုက်ခိုက်နိုင်ခြေကိုမူ အတိအလင်း ပယ်ဖျက်ခြင်း မရှိသေးပေ။

“လိမ်လည်လှည့်ဖြားတတ်တဲ့၊ အကြမ်းဖက်သမားဖြစ်ပြီး ကလေးသူငယ်တွေကို သတ်ဖြတ် နေတဲ့ အမေရိကန်သမ္မတဟာ IRGC အနေနဲ့ ဒေသတွင်းက ရေငန်သန့်စင် စက်ရုံတွေကို ပစ်မှတ်ထားဖို့ ရည်ရွယ်နေပြီး ဒေသတွင်းက ပြည်သူတွေကို ဒုက္ခရောက်အောင် လုပ်ဆောင် နေတယ်လို့ စွပ်စွဲထားပါတယ်” ဟု တနင်္လာနေ့က Telegram တွင် တင်ခဲ့သည့် ထုတ်ပြန်ချက် တွင် ဖော်ပြထားပြီး၊ အမေရိကန်၏ အီရန်အပေါ် တိုက်ခိုက်မှုများကြောင့် “ရေပေးဝေရေး အခြေခံအဆောက်အအုံ စနစ်ငါးခု” ထိမှန်ခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“IRGC ဟာ အခုအချိန်အထိတော့ အဲဒီလိုမျိုး မလုပ်ဆောင်ခဲ့သေးပါဘူး” ဟု ဆက်လက် ဖော်ပြထားရာ၊ ယင်းသုံးနှုန်းချက်မှာ အနာဂတ်တွင် အမေရိကန် သို့မဟုတ် အစ္စရေးတို့က အီရန်၏ အခြေခံအဆောက်အအုံများကို ထပ်မံတိုက်ခိုက်လာပါက အဆိုပါ အဆောက်အအုံ များကို ပစ်မှတ်ထားရန် လမ်းစဖွင့်ထားသည့် သဘောသက်ရောက်နေသည်။

ယခင်က အီရန်အစိုးရ ကျောထောက်နောက်ခံပြု Fars သတင်းဌာနသည် ပင်လယ်ကွေ့ နိုင်ငံများနှင့် ဂျော်ဒန်နိုင်ငံတို့ရှိ လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ရေငန်သန့်စင်စက်ရုံ ၁၁ ခု၏ တည်နေရာပြ ကိုဩဒိနိတ် (Coordinates) များကို ထုတ်ပြန်ခဲ့ပြီး၊ ၎င်းတို့သည် “ဒေသတွင်း လူဦးရေနှင့် စက်မှုလုပ်ငန်းများ၏ မရှိမဖြစ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေသည်” ဟု မှတ်ချက်ပြုခဲ့သည်။

“ဒီအခြေခံအဆောက်အအုံတွေဟာ ဒေသတွင်းရဲ့ စွမ်းအင်ထုတ်လုပ်မှုနဲ့ ရေချိုပေးဝေနိုင်မှု စွမ်းပကားရဲ့ အစိတ်အပိုင်းအတော်များများကို လွှမ်းခြုံထားပြီး၊ အချို့ဟာ ကမ္ဘာ့အကြီးဆုံး အခြေခံအဆောက်အအုံ စီမံကိန်းတွေထဲမှာ ပါဝင်နေပါတယ်” ဟု Telegram ပို့စ်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါစာရင်းတွင် ပါဝင်သော အဆောက်အအုံများထဲ၌ အာရပ်စော်ဘွားများပြည်ထောင်စု (UAE) ရှိ Barakah နျူကလီးယား ဓာတ်အားပေးစက်ရုံ (ပင်လယ်ကွေ့အာရပ်နိုင်ငံများတွင် တစ်ခုတည်းသော စက်ရုံ) နှင့် ဆော်ဒီအာရေးဗီးယားရှိ ကမ္ဘာ့အကြီးဆုံး ပေါင်းစပ်စက်ရုံ အမျိုးအစားဖြစ်သော Ras Al-Khair လျှပ်စစ်နှင့် ရေငန်သန့်စင်စက်ရုံတို့ ပါဝင်နေသည်။

ဆော်ဒီအာရေးဗီးယားနိုင်ငံ၊ Ras al-Khair ရေငန်သန့်စင်စက်ရုံရှိ ဝန်ထမ်းများက ၂၀၂၃ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် လုပ်ငန်းခွင်အား စောင့်ကြည့်စစ်ဆေးနေစဉ်။ Fayez Nureldine/AFP/Getty Images

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက