နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

မြဝတီဒရုန်းစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့သော Federal Wings ဒရုန်းတပ်ဖွဲ့ကို NUG က ကျပ်သိန်း ၁၀၀ ချီးမြှင့်

ကရင်ပြည်နယ် မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ စစ်ဘက်၊ အရပ်ဘက် အရာရှိနဲ့ အခြား အဆင့်ဝန်ထမ်း ငါးဦးသေဆုံးပြီး ဒဏ်ရာရသူ (၁၀) ဦး ရှိခဲ့တဲ့ မြဝတီဒရုန်းစစ်ဆင်ရေးကို ဖော်ဆောင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) လက် ရုံးတပ် ၁၈၀၁ Federal Wings အဖွဲ့ကို NUG ကာကွယ်ရေးဌာနက မြန်မာကျပ်ငွေ သိန်း ၁၀၀ ချီးမြှင့်ကြောင်း စက်တင်ဘာလ (၂၈) ရက်ညပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ စက်တင်ဘာလ (၃) ရက် ညပိုင်းက ကရင်ပြည်နယ် မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှာ လုံခြုံရေးအစည်းအဝေး ပြုလုပ်နေချိန် Federal Wings ဒရုန်းတပ်ဖွဲ့က ဗုံးသီးချ တိုက် ခိုက်ခဲ့တာဖြစ်ပါတယ်။


“ ဒရုန်းဟာ စစ်ကောင်စီအတွက် လုံးဝ အိမ်မက်ဆိုး” ဖြစ်ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ ထိရောက်တာကြောင့်လဲ ဒရုန်းတိုက်ခိုက်မှုတွေအားကောင်းတဲ့ဒေသတွေဆီက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေဟာ ဒရုန်းရန်ကနေကာကွယ်ဖို့ အသေအချာပြင်ဆင်လာကြပါတယ်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်တောင်မှ ဒရုန်းနဲ့ပတ်သက်လို့ ထုတ်ဖော်ပြောဆိုရတဲ့အထိ ဖြစ်လာတာကို တွေ့ရမှာပါ” လို့ Federal Wings ပြောရေးဆိုခွင့်ရှိသူက ပြောဆိုထားပါတယ်။


Federal Wings ဒရုန်းစစ်ဆင်ရေးအဖွဲ့က ၂၀၂၂ ခုနှစ် တစ်နှစ်တာ ကာလအတွင်း ဒရုန်းစစ်ဆင်ရေး (၄၃၇) ကြိမ် ပါဝင်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင် (၂၀၀) ခန့် သေဆုံးပြီး ရာပေါင်းများစွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း အစီရင်ခံ ထုတ်ပြန်ခဲ့ဖူးပါတယ်။


Federal Wings ဒရုန်းအဖွဲ့ဟာ စစ်ကောင်စီကို တော်လှန်တိုက်ပွဲဝင်နေတဲ့ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်ရှိ တော်လှန်ရေးအဖွဲ့များနဲ့ ပူးပေါင်းကာ စစ်ဆင် ရေး‌တွေကို ဖော်ဆောင်နေတာလည်း ဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလဲနယ်ထဲ BNRA ကို အကြောင်းပြချက်မရှိဘဲ ဆန္ဒပြဖို့ NUG က အတင်းအကြပ် စေခိုင်းနေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 27 Views
ဇန်နဝါရီလ (၂၆)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပုလဲနယ်မှာ NUG က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အကြောင်းမဲ့ ဆန္ဒပြခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ
မြန်မာသတင်း

မြိုင်မြို့တိုက်ပွဲထဲ ရဲဘော် (၃)ဦးကျဆုံးပြီး (၁)ဦး အရှင်ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 35 Views
ဇန်နဝါရီလ (၂၆)ရက်။ မြိုင်မြို့နယ်ထဲ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

လှိုင်သာယာမြို့ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံး (၄၀)မမနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 32 Views
ဇန်နဝါရီလ (၂၆)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က ရန်ကုန် လှိုင်သာယာမြို့(အနောက်ပိုင်း)ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံးကို (၄၀)မမနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ပြအထူးစစ်ဆင်ရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီရွေးကောက်ပွဲကော်မရှင်ရုံးက ပြည်သူတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေ ရှိနေတာနဲ့
မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 47 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ပါရဂူတွေရော တပ်မတော်‌(ဆေး)က ပါရဂူတွေရော
မြန်မာသတင်း

မြင်းခြံမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က (၂၂)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 45 Views
ဇန်နဝါရီလ (၂၄)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ နံနက် (၇)နာရီကနေ စတင်ခဲ့ပြီး ညနေ
မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 42 Views
ဇန်နဝါရီလ (၂၄)ရက်။ ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်း‌ဆုံက
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ ဗမာ့တပ်တော်(BA)ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 40 Views
ဇန်နဝါရီလ (၂၄)ရက်။ KIA ဦးဆောင်တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးထဲမှာ ဗမာ့တပ်တော်(BA) ပါဝင်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ ဇန်နဝါရီလ (၁၆)ရက်နေ့ တိုက်ပွဲနဲ့ (၂၁)ရက်နေ့ တိုက်ပွဲတို့မှာ ဗမာ့တပ်တော်(BA)ရဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 39 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး