၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA) သည် ယနေ့ အောက်တိုဘာလ (၂၉) ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ထိ စစ်ရေးလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်လာပြီး ကိုးကန့် ၊ မုံးကိုး ၊ လားရှိုး ၊ မူပန်၊ နမ့်ဆလပ် စသည့်နေရာရှိ စစ်ကောင်စီတပ်စခန်းပေါင်း (၁၁) ခုကို တိုက်ခိုက်သိမ်းယူပြီး စစ်ကောင်စီဝင် (၁၀) ဦးကို ဖမ်းဆီးရရှိကြောင်း သတင်းထုတ်ပြန်ထားပါသည်။ ယခုလက်ရှိ သိမ်းယူနိုင်ခဲ့သော စစ်ကောင်စီတပ်စခန်း စုစုပေါင်းမှာ (၅၇) ခုရှိပြီ ဟု သိရှိရပါသည်။
စစ်ကောင်စီဘက်မှ တိုက်လေယာဉ်ဖြင့် ကိုးကန့်ဒေသသို့ လာရောက်ဗုံးကြဲပစ်ခတ်မှုကြောင့် ချင်းရွှေဟော်ဒေသ ညိုဖင်ကျီပရွာနှင့် မာလီဖင်ရွာရှိ အရပ်သားများ၏နေအိမ်များဖျက်ဆီးခံရကြောင်း သိရှိရပါသည်။






Source: The Kokang