နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 27 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲများနဲ့ BPLA တပ်ဖွဲ့တို့ ပူးတွဲစစ်ရေးလှုပ်ရှားမှုမှာ BPLA ရဲဘော် (၄) ဦး ကျဆုံး

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ ခေတ်မျက်လုံး။

မနေ့က အောက်တိုဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲများနဲ့ BPLA တပ်ဖွဲတို ပူးတွဲလှုပ်ရှားထိန်းချုပ်ရာနေရာတစ်ခုကို စစ်ကောင်စီ တပ်မ (၃၃) လက်အောက်ခံတပ်ရင်းဖြစ်တဲ့ စစ်ကိုင်းတိုင်းအခြေစိုက် ခမရ (၁၃) ဘက်က အင်အား (၇၀) ခန့် စစ်ကြောင်းထိုး ချဥ်းကပ်လာတဲ့အတွက် BPLA တပ်ရင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တစ်နာရီကျော်ကြာတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က (၂၀) ကျော်ကျဆုံးကာ တချိုမှာနီးစပ်ရာ ကျေးရွာများအတွင်းသို ထွက်ပြေးသွားခဲ့တယ်လို့ BPLA က သတင်းထုတ်ပြန်ထားပါတယ်။

BPLA ရဲ့ မဟာမိတ်တပ်ဖွဲမှ စစ်ကူတချို့ ရောက်လာပြီး တပ်ပေါင်းစုကာ ရွာထဲအိမ်တွေမှာ ပြည်သူတွေကို ဓားစာခံလုပ် ပုန်းအောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို တစ်အိမ်ချင်း ခက်ခက်ခဲခဲ ရှင်းလင်းခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ညနေ (၅) နာရီမှာတော့ တိုက်ပွဲကို အဆုံးသတ် ထိန်းချုပ်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အလောင်း (၄၀) ကျော်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဗိုလ်ကြီးနေလင်းအောင်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃) ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီ တနေ့တာတိုက်ပွဲမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ဘက်က ရဲဘော် (၄) ဦး ကျဆုံးခဲ့ရပြီး ရဲဘော်(၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း သိမ်းဆည်းရမိသော လက်နက်ပစ္စည်းစာရင်းမှာ MA Series ရိုင်ဖယ်(၃၀)လက်၊ စက်ကလေး(၃)လက်၊ 40mm (၆)လက်/ကျည် ၈၀၊ 60mm (၂)လက်/ကျည် ၆၀၊ 80mm (၁)လက်၊ 100mm (၂)လက်/ကျည် ၁၀၊ RPG (၂)လက်/ကျည် ၁၀၊ ပစ္စတို (၂)လက်၊ Icom စက် (၃)လုံး၊ Drone detector (၁)ခု၊ WiFi Router (၁)ခု နှင့် အခြားစစ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့ကို ဓာတ်ပုံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အောက်တိုဘာ(၂၇) ရက်နေ့ ကနဦးတိုက်ခိုက်မှုတစ်ခုမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင် အလောင်း (၄) လောင်း၊ ရိုင်ဖယ်သေနတ် (၇) လက်နဲ့ အခြားပစ္စည်းတွေကို BPLA က သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

BPLA အနေနဲ့ စစ်အာဏာရှင်အမြစ်ဖြတ်နိုင်ရေးအတွက် ညီနောင်မဟာမိတ် (၃) ဖွဲရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝင်တိုက်ခိုက်လျက်ရှိပြီး စစ်ရေးရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်သွားမှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

Source: BPLA

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပုလဲနယ်ထဲ BNRA ကို အကြောင်းပြချက်မရှိဘဲ ဆန္ဒပြဖို့ NUG က အတင်းအကြပ် စေခိုင်းနေတယ်လို့ဆို

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 19 Views
ဇန်နဝါရီလ (၂၆)ရက်။ ပြီးခဲ့တဲ့ရက်သတ္တပတ်က ပုလဲနယ်မှာ NUG က ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)ကို အကြောင်းမဲ့ ဆန္ဒပြခိုင်းနေတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ
မြန်မာသတင်း

မြိုင်မြို့တိုက်ပွဲထဲ ရဲဘော် (၃)ဦးကျဆုံးပြီး (၁)ဦး အရှင်ဖမ်းဆီးခံခဲ့ရတယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 28 Views
ဇန်နဝါရီလ (၂၆)ရက်။ မြိုင်မြို့နယ်ထဲ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

လှိုင်သာယာမြို့ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံး (၄၀)မမနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 25 Views
ဇန်နဝါရီလ (၂၆)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က ရန်ကုန် လှိုင်သာယာမြို့(အနောက်ပိုင်း)ရှိ စစ်ကောင်စီရဲ့ ရွေး/ကော်ရုံးကို (၄၀)မမနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ပြအထူးစစ်ဆင်ရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီရွေးကောက်ပွဲကော်မရှင်ရုံးက ပြည်သူတွေကို ခြိမ်းခြောက်မဲထည့်ခိုင်းတာတွေ ရှိနေတာနဲ့
မြန်မာသတင်း

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 45 Views
ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ဖို့မရှိဘူးလို့ဆို ဇန်နဝါရီလ (၂၄)ရက်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းမွန်တယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ပါရဂူတွေရော တပ်မတော်‌(ဆေး)က ပါရဂူတွေရော
မြန်မာသတင်း

မြင်းခြံမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်ဘက်က (၂၂)ဦး သေဆုံးကာ (၂၀)ကျော် ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 44 Views
ဇန်နဝါရီလ (၂၄)ရက်။ ဇန်နဝါရီလ (၂၀)ရက်နေ့က မြင်းခြံနဲ့ နွားထိုးကြီးမြို့အကြားမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲဟာ နံနက် (၇)နာရီကနေ စတင်ခဲ့ပြီး ညနေ
မြန်မာသတင်း

ဂန့်ဂေါမြို့မရဲစခန်းက ဒုရဲအုပ် ဒရုန်းဗုံးမှန်ပြီး သေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 38 Views
ဇန်နဝါရီလ (၂၄)ရက်။ ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ မြို့မရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဒုရဲအုပ် သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်ဟာ ဇန်နဝါရီလ (၁၂)ရက်နေ့မှာ ဂန့်ဂေါမြို့ ခလရ(၅၀)တပ်အနီးရှိ လမ်း‌ဆုံက
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲထဲ ဗမာ့တပ်တော်(BA)ရဲဘော် (၂)ဦး ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 24 ရက်
  • 35 Views
ဇန်နဝါရီလ (၂၄)ရက်။ KIA ဦးဆောင်တဲ့ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးထဲမှာ ဗမာ့တပ်တော်(BA) ပါဝင်တိုက်ပွဲဝင်နေတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးထဲ ဇန်နဝါရီလ (၁၆)ရက်နေ့ တိုက်ပွဲနဲ့ (၂၁)ရက်နေ့ တိုက်ပွဲတို့မှာ ဗမာ့တပ်တော်(BA)ရဲ့ ရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့
မြန်မာသတင်း

အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 36 Views
ဇန်နဝါရီလ (၂၃)ရက်။ ဖိလစ်ပိုင်နိုင်ငံ တာဂေတေမြို့မှာ အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ NUG ကိုယ်းစားပြုတဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ပြီးတော့ တွေ့ဆုံခဲ့တာရှိပါတယ်။ အာဆီယံဥက္ကဋ္ဌအဆက်ဆက် အခုလိုမျိုး